ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကာကွယ်ဆေးထိုးနှံရေးအသိပညာပေး လိုက်လံ နှိုးဆော်

ချောင်းဆုံ      ဒီဇင်ဘာ      ၂


ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများ ကြိုတင် ကာကွယ်နိုင်မည့် နည်းလမ်းများ သိရှိစေရန်နှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး ရောဂါဖြစ်ပွားမှု နှုန်းအမှန်တကယ် လျော့နည်းကျ ဆင်းစေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းကို မန်နေ့နံနက်ပိုင်းက ချောင်းဆုံမြို့ တိုးချဲ့ရပ်ကွက်နှင့်ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာ ပေးခြင်း ကို ပြန်/ဆက်ဌာနမှဝန်ထမ်းများက လိုက်လံ နှိုးဆော်မှုများ ပြုလုပ်ခဲ့ကြသည်။


ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် သာနေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်း စည်းကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ နှာခေါင်းစည်း မတပ်သူများနှင့်တွေ့ဆုံ၊ စကားပြော ခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကျဉ်ရန်၊ လူစုလူဝေးပြုလုပ် ခြင်းနှင့် သွားလာခြင်းများ ကိုရှောင် ​ကြဉ်ရန်၊ အရာဝတ္ထုများကို ကိုင်တွယ်ပြီးတိုင်းလက်ကို ဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာ အောင်စနစ် တကျ ဆေးကြော ရန်နှင့် မိမိတို့၌ ရောဂါကူးစက်ခံသည်ဟုသံသယရှိပါ က နီးစပ်ရာ ကျန်းမာရေးဌာနနှင့် အမြန်ဆုံး ဆက်သွယ် ပြီးဆေးကုသမှုခံယူရန်စသည့် ရှောင်ရန်/ဆောင်ရန်အချက်များ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးများကိုလည်း စုရပ်အလိုက်သွားရောက်ထိုးနှံပေးကြပါရန် ပြည်သူများ ပူးပေါင်းပါဝင် ပေးကြပါ ရန်စသည့် အချက်များအားလိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ချောင်းဆုံ(ပြန်/ဆက်)