သတင်းများ

အင်္ဂပူမြို့တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု တစ်လုံးထိုးဒီဇယ်အင်ဂျင် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၁) သင်တန်းဆင်းပွဲ ကျင်းပ
Dec 22,2021
ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဖွံ့ဖြိုးတိုးတက်လာသောခေတ်နှင့် လျော်ညီသည့် နည်းပညာ ကောင်းများရရှိစေရန်နှင့် အသက်မွေးဝမ်းကျောင်းဆိုင် ရာလုပ်ငန်းများအထောက်အကူပြု စေရန်ရည်ရွယ်၍သမဝါယမနှင့်ကျေး လက်ဖွံ့ဖြိုးတိုး တက်ရေးဝန်ကြီးဌာန အင်္ဂပူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အလတ် စားစက်ပြင်အလုပ်ရုံ (ဟင်္သာတမြို့)တို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တစ်လုံးထိုး ဒီဇယ်အင်ဂျင်ပြုပြင် ထိန်းသိမ်းနည်းသင်တန်း အမှတ်စဉ် (၁/ ၂၀၂၁) ဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်က အင်္ဂပူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ အသက်(၄၀)နှစ် အထက် ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Dec 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ဦးစားပေး အစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၄၀) အထက် ရဟန်းရှင်လူပြည်သူများအား လူမျိုးဘာသာမရွေး ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်အတွင်း စုရပ်သုံး နေရာ များ သတ်မှတ်ပြီး ထိုးနှံပေးလျက်ရှိသည်။
မိုင်းယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၂၀)ဦးထပ်မံ စစ်ဆေးတွေ့ရှိ
Dec 22,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ယန်းကောင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို ယမန်နေ့နံနက်ပိုင်းက RDT (Tesk Kit)ဖြင့် အခမဲ့သွားရောက်စစ်ဆေးပေးခဲ့ရာ (၂၀)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှ သိရသည်။
ဖာပွန်မြိုတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်ပြသဆောင်ရွက်
Dec 22,2021
ကရင်ပြည်နယ်၊ဖာပွန်ခရိုင်၊ ဖာပွန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးတွင်း နံရံကပ်ပြဘုတ်တွင် ပြည်သူများအနေဖြင့်  အလွယ်တကူ ဖတ်ရှုနိုင်ပြီး အသိပညာ ဗဟုသုတ ရ ရှိစေရန် ရည်ရွယ်၍ နံရံကပ်စာစောင်များကို ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ထားကြောင်း သိရသည်။
ပေါင်မြို့နယ်၌ Mobile စနစ်ဖြင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ပေးလျက်ရှိ
Dec 22,2021
မွန်​​ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးရန် ကျန်ရှိသည့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား Mobile စနစ်ဖြင့် ကိုဗစ် ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်း ၌ ကျေးရွာ(၇)ရွာ မှ ပြည်သူ(၇၀၀)ဦးကို ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၅၀)နှစ်နှင့်အထက် ပြည်သူများအား(Sinovac) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Dec 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၅၀)နှစ်နှင့်အထက် ပြည်သူများနှင့် အကြောင်း အမျိုးမျိုးကြောင့် ဒုတိယအကြိမ် ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူ (၅၃၁)ဦးအား ဆ/က ရပ်ကွက်၊ ကျိုက္ကဆံ ဘုရားဝင်းအတွင်းရှိ ဓမ္မဗိမာန်တော်၌ ယမန်နေ့နံနက် ၈ နာရီမှ ညနေ ၃ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအားစတုတ္ထအသုတ်ဒုတိယအကြိမ် ကိုဗစ် -၁၉ရောဂါကာကွယ်ဆေးထိုးနှံ
Dec 22,2021
 မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက်ပြည်သူများအားဒုတိယ  အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉နာရီမှ ညနေ ၄ နာရီအထိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့်ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။ 
မဘိမ်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်
Dec 22,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။