သတင်းများ

ကာလိမြို့အတွင်း ကိုဗစ်-၁၉ ဗီဇ‌ပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်
Dec 21,2021
ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လိုက်လံနှိုး‌ဆော်မှု များ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း(၁၀)နာရီ အချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Hand Speaker ဖြင့် လိုက်လံ နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
မုဒုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် အားကစားပြိုင်ပွဲကျင်းပ
Dec 21,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို)ဟောပြောပွဲ၊ စာအုပ်၊စာစောင်ပြပွဲနှင့် အားကစားပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဧရာ၀တီတိုင်းဒေသကြီးတရားလွှတ်တော် ၊ တရားလွှတ်တော်တရားသူကြီး ဦးဝင်းမြင့်က ပုသိမ် အကျဉ်းထောင်အား ကြည့်ရှုစစ်ဆေး
Dec 21,2021
ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် ၊ တရားလွှတ်တော်တရားသူကြီး ဦးဝင်းမြင့်သည် ရုံးအဖွဲ့မှူး ဦးကျော်စိုးညွန့် ၊ ပုသိမ်ခရိုင်တရားသူကြီး ဒေါ်ထွေးထွေးတို့ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ပုသိမ်အကျဉ်းထောင် အားကြည့်ရှုစစ်ဆေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး တရားလွတ်တော်တရားသူကြီးအား ပုသိမ်အကျဉ်းထောင် တာဝန်ခံ အရာရှိက အကျဉ်းထောင်အတွင်း အခြေအနေများကို ရှင်းလင်း တင်ပြသည်။
မြစိမ်းရာင်စီမံကိန်းနှင့် VDP စီမံကိန်းရန်ပုံငွေများ ပေးအပ်ပွဲကျင်းပ
Dec 21,2021
ဇေယျာသီရိမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတက်ရေးဦးစီးဌာန အနေဖြင့် ၂၀၂၁-၂၀၂၂ (၆)လ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရာင်ကျေးရွာ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ(၁)နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (VDP) စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ(၅)ရွာ အား ရန်ပုံငွေလွှဲ ပြောင်းပေးအပ်ပွဲအား ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည်။
ဂွမြို့နယ် ကင်းပုံကျေးရွာအုပ်စုတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ဥပဒေနှင့်အညီ ကွင်းဆင်းဆောင်ရွက်
Dec 21,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ကင်းပုံကျေးရွာအုပ်စု၊ ကင်းပုံကျေးရွာသို့ ဂွမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ ဒုလဝကမှူးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ဥပဒေနှင့်အညီ ထုတ်ပေးရေးအတွက် ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ့်စန်တွင် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးအသင်းသားများအား စုဆောင်းငွေအပေါ် အတိုးငွေများ ထုတ်ပေး
Dec 21,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးအသင်း သမဝါယမအသင်းလီမိတက်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် စုဆောင်းငွေ အပေါ် အတိုး ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၁၀နာရီက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ် ပဒါန်းကျေးရွာ(အ.ထ.က)တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကျင်းပ
Dec 21,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပဒါန်းကျေးရွာအခြေခံပညာအထက်တန်း ကျောင်းတွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၈ နာရီက အဆိုပါကျောင်းရှေ့၌ ကျင်းပပြုလုပ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် ဖော်ဆောင်မှု မှတ်တမ်းဓာတ်ပုံများအား ပြသဆောင်ရွက်
Dec 21,2021
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက် နံရံကပ်ဘုတ်၌ ယနေ့နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်းဓာတ်ပုံများကို ပြသထားကြောင်း သိရသည်။