ကျိုက်မရောမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

ကျိုက်မရော    ဒီဇင်ဘာ  ၂၂

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ ပြည်သူများအသိပညာဗဟုသုတရရှိစေရန်နှင့် လူကုန်ကူးမှုအန္တရာယ်အကြောင်း ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ မော်လမြိုင်မြို့ အမှတ်() လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍" လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့နံနက် ၁၁ နာရီ က လူထုအခြေပြုဗဟိုဌာန (CommunityCenter) ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ချိုမြတ်မြတ်ထွေး က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး (talk show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး အမှတ်() လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ မော်လမြိုင်မှ ဒုတိယရဲမှူး သိန်းဇော်မြင့် က လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေများနှင့် လူကုန်ကူးမှုလျော့နည်းပပျောက်စေရန်အတွက် ပြည်သူလူထုအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်၊ မိမိတို့၏ ပတ်ဝန်းကျင်တွင် လူကုန်ကူးမှုဖြစ်စဉ်များ ဖြစ်ပေါ်လာပါက သတင်းပေးပို့နိုင်အတွက် ဆက်သွယ်ရမည့်ဖုန်းနံပါတ်များကို ပြည်သူများသိရှိနိုင်စေရန် ပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး (ကျိုက်မရော)