မကွေးမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်- ၁၉ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးခြင်းကို ရွှေ့လျား Mobile ယာဉ်ဖြင့် ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်

 

မကွေး ဩဂုတ် ၂၇

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ ပြန်ရေးကော်မတီက  ကိုဗစ်- ၁၉ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးခြင်းကို ရွှေ့လျားMobile ယာဉ်ဖြင့် ယနေ့ နံနက် (၉)နာရီအချိန်က မကွေးမြို့နယ် သပြေစမ်းကျေးရွာရှိ ဒေသခံပြည်သူများအား ကျေးရွာအရောက် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ ရွေလျားMobileယာဉ်ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ RDT Test Kit စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် မကွေးမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်း ချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်း၊ ခရိုင်ပြန်/ဆက်ဦးစီးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် မကွေးမြို့နယ် သပြေစမ်း ကျေးရွာရှိ ဒေသခံပြည်သူ(၁၆)ဦးအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ RDT Test Kit စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ရာ ပိုးတွေ့သူမရှိကြောင်း ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းထံမှ သိရသည်။

မကွေးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများသော ကျေးရွာများသို့ ရွေလျား Mobileယာဉ်ဖြင့် RDT Test Kit စစ်ဆေးခြင်းများကို ကျေးရွာအရောက် စစ်ဆေး ဆောင်ရွက်ခြင်းများအပြင် Mask Campaign ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် အသိပညာပေးခြင်းနှင့်(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုစည်သူ