မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ရဟန်းသံဃာတော်များ ၊ ပြည်သူများအား ကိုဗစ်−၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး

 

မော်လမြိုင်ကျွန်း ဩဂုတ်  ၂၇

လပွတ္တာခရိုင် ၊ မော်လမြိုင်ကျွန်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှု့ဖြင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူပြည်သူများအား ဒုတိယ အကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းအား ယနေ့ နံနက် ၉ နာရီအချိန်က စတင်ပြီး မြို့နယ်အားကစားခန်းမသစ်တွင် ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှု အစီအစဉ်တွင် ကျန်းမာရေးဦးစီးဌာနမှ ပထမအကြိမ် ဇူလိုင်လ ၃၀ရက်နေ့က ထိုးနှံပြီးသူများအား ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးခြင်း ဖြစ်ကြောင်းကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအား ကျေးရွာအုပ်စု စု့ရပ်များတွင် လည်းကျေးရွာ များအရောက် အဖွဲ့ခွဲများမှလိုက်လံထိုးနှံ ပေးမည်ဖြစ်ကြောင်း သိရှိသည်။ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ကျန်းမာရေးဦးစီးဌာနမှ လမ်းညွှန်ချက်များနှင့် အညီလူစုလူဝေး မဖြစ်စေပဲ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများအား အလှည့်ကျစနစ်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ် သည်။

မြို့နယ်အတွင်းရှိ ပြည်သူများအနေနှင့် ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားခြင်းဖြင့် ရောဂါ ဖြစ်ပွားကူးစက်ခံရမှု့နှင့် သေဆုံးမှုလျော့ကျခြင်း၊ ရောဂါဒဏ်ဆိုးရွားစွာမခံရခြင်း၊ မိမိနှင့်တကွ မိသားစုဝင်များ၊ ရပ်ရွာအလိုက် ကာကွယ်စောင့်ရှောက် ပြီးသားဖြစ်နေမည်ဖြစ်ပြီး ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများအား ယခုဒုတိယ အကြိမ်တွင်မပျက်မကွက် ထိုးနှံနိုင်ရေး လှည့်လည်ကြေညာလျက်ကြောင်း သိရှိရသည်။

 

အောင်အောင်