ကျောက်ဆည်မြို့နယ် ရန်ပုံနှစ်ကျေးရွာ၌ အရင်းမပျောက် မတည်လည်ပတ်ရန်ပုံငွေ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများ သတ္တမအကြိမ်မြောက် ထုတ်ချေးပေး

ကျောက်ဆည် ဩဂုတ် ၂၇

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာပြည်သူများ တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်ပြီး ဝင်ငွေတိုးပွားစေရန်၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် အရင်းမပျောက်လည်ပတ်မတည် ရန်ပုံငွေဖြစ်သည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများကို ယနေ့နံနက်  (၁၀)နာရီက  ရန်ပုံနှစ်ကျေးရွာ  ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ သတ္တမအကြိမ်မြောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများကို ရန်ပုံနှစ်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း(A)အဆင့် လုပ်ကိုင်နေသူ(၂၁)ဦးအတွက် ငွေကျပ်(၆၃)သိန်း၊ စိုက်ပျိုးရေးလုပ်ငန်း (B)အဆင့် လုပ်ကိုင်နေသူ(၆၁)ဦးအတွက် ငွေကျပ်(၁၄၀)သိန်းသုံးသောင်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူ(၁၂၉)ဦးအတွက် ငွေကျပ်(၂၅၈)သိန်း၊ စုစုပေါင်းငွေကျပ်(၄၆၁)သိန်းသုံးသောင်းကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်သင်းသင်အေးနှင့် ဝန်ထမ်းများက စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် အရင်းမပျောက်လည်ပတ်မတည်ရန်ပုံငွေဖြစ်သည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများကို ဒေသခံပြည်သူများ မိသားစုဝင်ငွေတိုးပွားစေရန်၊ လူမှုစီးပွားဘဝ ပိုးမိုတိုးတက်စေရန်အတွက် ရန်ပုံနှစ်ကျေးရွာမှ အိမ်ထောင်စု(၂၂၁)ဦးအား ထုတ်ချေးပေးခဲ့ကြောင်းနှင့် မြို့နယ်အတွင်ကျေးရွာ (၃၆)ရွာတွင်လည်း ထုတ်ချေးပေးထားကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက် ညွှန်ကြာရေးမှူး ဒေါ်သင်းသင်းအေးက ပြောပြ၍ သိရှိရသည်။

တင်တင်ထွေး