ကျိုက်မရော သြဂုတ် ၂၇
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းမှ အသက် ၆၅ နှစ်အထက် ရှိသူများအပြင် ရပ်ကွက်များမှ ပြည်သူလူထုများအား ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး(ဒုတိယအကြိမ်)ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉နာရီမှ စတင်ကာ ဆေးထိုးရန် သတ်မှတ်ထားသည့် စုရပ်၅ခု၌ ဆောင်ရွက်လျက် ရှိသည်။
ယနေ့ ကာကွယ်ဆေးထိုးရာနေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်သည့်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး ရန်နိုင်ထွန်း၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် ပူးပေါင်းကာ ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်တွင် ကိုဗစ်−၁၉ ကာကွယ်ဆေးထိုးနှံရန် စုရပ်၅ခုနေရာ အသီးသီး၌ ဇူလိုင်၂၉ရက်နေ့က ကာကွယ်ဆေး ပထမအကြိမ် လာရောက်ထိုးနှံခဲ့ကြသူများကို ဒုတိယအကြိမ် အဖြစ်တစ်နေ့လျှင် စုရပ်တစ်ခု၌ လူဦးရေ(၁၀၀)ဦးထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ဇူလိုင်၃၀ရက်နေ့က ပထမအကြိမ် ထိုးနှံပြီးသူများကိုလည်း နောက်ရက်များတွင် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး