ပေါက်ခေါင်း သြဂုတ် ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ဝန်ထမ်းများနှင့် အသက်(၆၅)နှစ်အထက် သက်ကြီး ရွယ်အိုများအား ဒုတိယအကြိမ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီ အချိန်မှ စတင်၍ အမှတ် (၃)ရပ်ကွက်ရှိ လေးမျက်နှာဇာတ်ရုံ၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူတစ်ဦးထိုးနှံပေးလျက်ရှိကြောင်းနှင့် အဆိုပါဆေးထိုးခြင်း လုပ်ငန်းများကို မြို့နယ်စီမံခန့်ခွဲကော်မတီအဖွဲ့ဝင်များ၊မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ အဖွဲ့ဝင်များ နှင့်ကျန်းမာရေးဦးစီးဌာနက ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဥမ္မာကျော်