ရမည်းသင်းမြို့ ဝါတိုးရပ်ကွက်ရှိ သီလဝ(၁)ရပ်၌ အခြေခံအိမ်ထောင်စု(၅၇)ဆန်၊ ဆီ၊ဆား စသည်တို့ ထောင်ပံ့လှူဒါန်း

 

ရမည်းသင်း    ဩဂုတ် ၂၇

မန္တလေးတိုင်းဒေသကြီး၊ရမည်းသင်းမြို့နယ် ဝါတိုးရပ်ကွက်ရှိသီလ(၁)ရပ်၌ ယနေ့ နံနက် ၈ နာရီက ဝါတိုးရပ်ကွက်ရှိ သီလဝ(၁) ရပ်ဦးကျော်မိုး~ဒေါ်ယုယု နေအိမ်ရှေ့၌ရပ်ကွက်နေ အခြေခံအိမ်ထောင်စု(၅၇)စုကို ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ဟင်းချိုမှုန့်နှင့် ဒံပေါက်တစ်ထုတ်စီကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ စေနာရှင်/အလှူရှင်ဦးကျော်မိုး-ဒေါ်ယုယု မိသားစုတို့မှ အခြေခံအိမ်ထောင်စုများကို အိမ်ထောင်တစ်စုလျှင် ဆန်(၅)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ကြက်သွန်နီတစ်ပိဿာ၊ ခရမ်းချဉ်သီး တစ်ပိဿာ၊ ဆားတစ်ပိဿနှင့် ဟင်းချိုမှုန့်(၂၅)ကျပ်ဿာ တို့ကိုထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ဇော်ဝင်းအောင်