မုံရွာမြို့ ကျောက်ဆောင်ဆိပ် ချင်းတွင်းမြစ်အတွင်းသို့ ဒုတိယအကြိမ် ငါးမျိုးများ စိုက်ထည့်ပွဲကျင်းပ

မုံရွာ၊ သြဂုတ် ၂၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မုံရွာခရိုင်ငါး လုပ်ငန်းဦးစီးဌာန မှ ဦးဆောင်ပြီး ဒေသတွင်းစားနှပ်ရိက္ခာဖူလုံစေရန်အတွက် ရည်ရွယ်ပြီး မုံရွာမြို့ ကျောက်ဆောင်ဆိပ် ချင်းတွင်းမြစ်အတွင်းသို့ ဒုတိယအကြိမ် ငါးမျိုးများ စိုက်ထည့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၈)နာရီခွဲ က ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ပြုလုပ်ရာ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်၊ မုံရွာခရိုက်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သောင်းညွန့်၊ မုံရွာခရိုင်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ရေး ကော်မတီ အတွင်းရေးမှူး မုံရွာခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ပြီး ငါးလုပ်ငန်းဦးစီးဌာန ရုံးချုပ်မှ တာဝန်ပေးအပ်သော လျာထားချက်များအတိုင်း ရေဦးငါးလုပ်ငန်းစခန်း မှ (ငါးမြစ်ချင်း ငါးသားပေါက် နှစ်သိန်း ၊ ငါးခုံးမကြီး တစ်သိန်းခွဲ၊) စုစုပေါင်းငါးသားပေါက်ကောင်ရေ (၃၅၀၀၀၀)သုံးသိန်းခွဲတိတိကို ချင်းတွင်းမြစ်အတွင်း သို့ စုပေါင်းစိုက်ထည့်ပေးခဲ့ကြောင်းသိရသည်။

 ခရိုင်(ပြန်/ဆက်)