ဟားခါး ဩဂုတ် ၂၇
ဟားခါးမြို့တွင် ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ် (၁၂) ဦး ထပ်မံတွေ့ရှိပြီး ကိုဗစ်ရောဂါဖြင့် ဆေးကုသမှုခံယူနေသူများအနက် (၁၃)ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။
ဟားခါးမြို့နယ်အတွင်း ဇွန်လ ၁၀ ရက်နေ့မှ ယနေ့အထိ ရောဂါပိုးတွေ့လူနာ (၆၃၄)ဦး၊ ဆေးရုံဆင်းခွင့်ရသူ (၄၉၈)ဦး၊ သေဆုံးသူ (၂၀)ဦး၊ ဆေးကုသမှုခံယူဆဲ (၁၁၆)ဦး ရှိသွားပြီဖြစ်ကြောင်း သိရသည်။
ခရိုင် ( ပြန်/ဆက်)