ရပ်စောက် ဩဂုတ် ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် ယမန်နေ့ ညနေပိုင်းအချိန်ထိ ရပ်စောက် ပြည်သူ့ဆေးရုံကြီးနှင့် ပင်ဖြစ်တိုက်နယ်ဆေးရုံတို့တွင် နေမကောင်းဖျားနာပြီး သံသယ ရှိသူများကို ရောဂါပိုးရှိ/မရှိစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသည့် အတည်ပြုလူနာ (၂၂)ဦးထပ်မံတွေ့ရှိရပြီး ဆေးရုံဆင်းခွင့်ရသူ(၁၅)ဦးနှင့် သေဆုံးသူ(၁)ဦး ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး ကော်မတီမှသိရသည်။
အဆိုပါပိုးတွေ့ရှိသူများမှာ ရပ်စောက်မြို့နယ် မြောက်ကွက်သစ်ရပ်ကွက်တွင် နေထိုင်သူ(၃)ဦး၊ ဈေးတန်းရပ်ကွက်မှ(၁)ဦး၊ ဗန်းမက်ကျေးရွာမှ (၃)ဦး၊ လယ်မီးကျေးရွာမှ(၁)ဦး၊ ပင်ဖြစ်ကျေးရွာမှ(၂)ဦး၊ ဆတ်သေကျေးရွာမှ(၃)ဦး၊ ရတနာပုံကျေးရွာမှ(၃)ဦး၊ ဗထူးတပ်နယ်မှ (၂)ဦးနှင့် တောင်နီ(တောင်ကြီး မြို့နယ်)မှ (၄)ဦးတို့တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိရပြီး ရပ်စောက်မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရသူစုစုပေါင်း (၁၀၁၂)ဦး၊ ရောဂါပိုး ကင်းစင်၍ ဆေးရုံဆင်းခွင့်ရသူစုစုပေါင်း(၇၂၅)ဦး၊ သေဆုံးလူနာစုစုပေါင်း (၁၅)ဦးနှင့် ကျန်းမာရေး စောက်ရှောက်မှု ခံယူလျက်ရှိသည့် လူနာစုစုပေါင်း(၂၇၂)ဦးရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)