စေတုတ္တရာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask Campaign ရက်သတ္တပတ် လှုပ်ရှားမှုပါးစပ် နှာခေါင်းစည်း(Mask)များ ပြည်သူများလက်ဝယ် အရောက် အခမဲ့ဖြန့်ဝေ

စေတုတ္တရာ ဩဂုတ် ၂၇

မကွေးတိုင်းဒေသကြီး၊  စေတုတ္တရာမြို့နယ်   ကိုဗစ်-၁၉     ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက မြို့နယ်အတွင်း ကိုဗစ်-၁၉   ရောဂါကူးစက်ပျံ့ပွားမှု လျော့နည်းပ ပျောက်စေရန်နှင့်ထိရောက်စွာကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယမနေ့က မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဉက္ကဋ္ဌ နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ကျေးရွာများသို့ သွားရောက်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ Mask  Campaign    ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် အသိပညာပေးခြင်းနှင့်   Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်အတွင်း Mask  Campaign    ရက်သတ္တပတ်လှုပ်ရှားမှု အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ရာတွင် စေတုတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးဟိန်းထက်အောင်နှင့်   ဌာနဆိုင်ရာတာဝန်ရှိသူများက  စေတုတ္တရာမြို့နယ်တွင်းရှိ ‌ကျေးရွာများသို့   သွားရောက်ပြီး မြို့နယ်အတွင်း   ကိုဗစ်ရောဂါအား ထိရောက်စွာ ကာကွယ်ထိန်းချုပ် သွားနိုင်ရေးအ တွက် ရက်သတ္တပတ်လှုပ်ရှားမှု အသိပညာပေးခြင်းလုပ်ငန်းနှင့်စပ်လျဉ်းပြီး  အသိပညာပေးဆွေးနွေး ‌ဟောပြောကာ ဒေသခံပြည်သူများ လက်ဝယ်အရောက် Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး ရောဂါ ကူးစက်ပျံ့ပွားမှု လျော့နည်းပပျောက်ရေးအတွက် ကျန်းမားရေးကိစ္စများမှ   အပအပြင်သွားလာခြင်း များ မပြုလုပ်ကြရန် ၊    မဖြစ်မနေအပြင်သွားလာရပါက ပါးစပ်နှာခေါင်းစည်း စနစ်တကျတပ်ဆင် သွားလာကြရန် ဆွေးနွေးမှာကြားခဲ့သည်။

စေတုတ္တရာမြို့နယ်အတွင်း  ကိုဗစ်-၁၉    ရောဂါထိရောက်စွာကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask  Campaign    ရက်သတ္တပတ်လှုပ်ရှားမှု အသိပညာပေးခြင်းနှင့် Mask များအခမဲ့ဖြန့်ဝေ ပေးခြင်းလုပ်ငန်းအား Maskဘူးရေ ၁၂၅၀ အသုံးပြု၍ ဩဂုတ်လ(၃၁)ရက်နေ့အထိ မြို့ပေါ်ရပ်ကွက် များနှင့်ကျေးရွာများတွင်  အရှိန်အဟုန်မြှင့်  ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း     စေတုတ္တရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဉက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟိန်းထက်အောင် ထံက  သိရသည်။

ပေါက်ပေါက်(ပြန်/ဆက်)