ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လုပ်ငန်းများ အရှိန်အဟုန် မပျက် ပေါင်းစပ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ဒဂုံတောင်    ဩဂုတ်    ၂၇

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ဌာန ဆိုင်ရာများ ပေါင်းစပ်၍ လုပ်ငန်းများအရှိန်အဟုန်မပျက်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲ ၁နာရီက ကျင်းပခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်မှ ဌာနဆိုင်ရာလုပ်ငန်း များသည် ပြည်သူလူထုအကျိုးအတွက် ဆောင်ရွက်နေရသည်ဖြစ်ပြီး အစိုးရငယ်ဟု ဆိုနိုင်ပါကြောင်း အောက်ခြေယန္တရားအ​ခြေခံကောင်းမွန်ရေး အရေးကြီးကြောင်း ပြည်သူလူထုအတွက် ဆောင်ရွက်နေရတာဖြစ်သဖြင့် ပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်း ကာကွယ်ဆေး ထိုးနှံပြီးမှုအခြေအနေများ အရေးပေါ်လူနာများကယ်ဆယ်ရေးလုပ်ငန်းများ ​တွေ့ကြုံရသည့် အခက်အခဲများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ရှေ့လုပ်ငန်းစဉ်များ ပြောကြားပြီး ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေနှင့်အခက်အခဲများ တင်ပြပေးကြရန်နှင့် အခက်အခဲများ ရှိလာပါက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရသည်များအား ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပြီး အထက်သို့တင်ပြရန်လိုပါကအချိန်မီတင်ပြ၍ လမ်းညွှန်မှုခံယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများက လုပ်ငန်းများဆောင်ရွက်နေမှု​အခြေအနေများအား တင်ပြဆွေးနွေးကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးနေမျိုးအောင်က ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်မှ သတင်းများကြားသိပါက တင်ပြပေးကြရန် ယခုအချိန်တွင် ကောလဟလသတင်းများ များပြားနေပါသဖြင့် သတင်းမှန်သိရှိရေး ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

မြို့နယ်(ပြန်/ဆက်)