မကွေးမြို့တွင် ကိုဗစ်-၁၉ရောဂါ ထိရောက်စွာကာကွယ်နိုင်ရေး Mask Campaign ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ညောင်ကန်ကျေးရွာနှင့်ညောင်ပင်ကျေးရွာရှိ ဒေသခံပြည်သူများအား နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေး

မကွေး           ဩဂုတ်         ၂၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီက Mask Campaign ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကျေးရွာနေ ပြည်သူများအား ကျေးရွာအရောက် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးလျက်ရှိရာ ယနေ့ မွန်းလွဲ (၃)နာရီအချိန်က မကွေးမြို့နယ် ညောင်ကန်ကျေးရွာနှင့်ညောင်ပင်ကျေးရွာရှိ ဒေသခံ ပြည်သူများအား နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ Mask Campaign ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ရာတွင် မကွေးခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူး၊  ခရိုင်ပြန်/ဆက်ဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်ကျန်းမာရေး အဖွဲ့ဝင်များသည် ညောင်ကန်ကျေးရွာနှင့် ညောင်ပင်ကျေးရွာတို့ရှိ ဒေသခံပြည်သူများအတွက် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကျန်းမာရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မကွေးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask Campaign ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် အသိပညာပေးခြင်းနှင့်(Mask)များ အခမဲ့ ဖြန့်ဝေပေးခြင်းလုပ်ငန်းအား မြို့ပေါ်ရပ်ကွက်များတွင်သာမက ကျေးရွာအုပ်စုများအထိပါ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုစည်သူ(မကွေး)