သတင်းများ

ချောက်မြို့နယ်၌ Mask Campaign ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် ​ဒေသခံပြည်သူများ လက်ဝယ်အ​ရောက် နှာခေါင်းစည်း Mask များအခမဲ့ ဖြန့်ဝေ
Aug 27,2021
မကွေးတိုင်းဒေသကြီး၊​ချောက်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် နှာခေါင်းစည်း Mask များအား ရပ်ကွက်ကျေးရွာအုပ်စုများရှိ အိမ်​ခြေ အိမ်ထောင်စုများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေ‌ပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ Mask Campaign ရက်သတ္တပတ် လှုပ်ရှားမှု ပါးစပ်နှာခေါင်းစည်း(Mask)များ ကျေးရွာနေ ပြည်သူများ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေး
Aug 27,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှု လျော့နည်းပပျောက်စေရန်နှင့် ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ယနေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် ဖလံကျင်းကျေးရွာ၊ အနောက်လေးအိမ်ကျေးရွာ၊ ကြူဝန်းကျေးရွာ၊ မကျီးစုကျေးရွာနှင့် ဆည်တော်ကျေးရွာသို့  သွားရောက်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ Mask Campaign ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် အသိပညာပေးခြင်းနှင့် (Mask)များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ဆိုင်ရာအသိပညာပေး မြေစိုက်ပိုစတာများ စိုက်ထူ ထားရှိ ခြင်းစစ်ဆေး
Aug 27,2021
ပြည်သူများ ကိုဗစ်.၁၉ ရောဂါ ဖြစ်ပွားမှုလျော့ကျစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးကြေညာချက်များကို ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ပုသိမ်မြို့ပေါ်ရှိ မြို့ဝင်တိုးဂိတ်အနီး ရုပ်ထုကြီးအဝိုင်း ၊ရွှေ၀တ်မှုန် ၄ လမ်းထိပ်၊ ဘိုးဘွားရိပ်သာဒေါင့်! ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့နှင့် ပုသိမ်မြို့ နာရီစဥ်ဘေး၊ ဘူတာစျေးအရှေ့၊ စျေးလေး မီးပွိုင့်အရှေ့စသည့် နေရာ (၆)နေရာတို့တွင် ကိုဗစ်-၁၉ ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဗီနိုင်းများ မြေစိုက်ပိုစတာများကို ယနေ့နံနက်ပိုင်းက စိုက်ထူထားရှိခဲ့ပါသည်။ အဆိုပါ မြေစိုက်ပိုစတာများ စိုက်ထူထားရာနေရာများသို့ ပုသိမ်ခရိုင်အုပ်ချုပ်ရေးမှူး ဦး လင်းကိုကိုနှင့် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက သွားရောက်လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Aug 27,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်မှ စတင်၍ ပအိုဝ်းကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစည်းအဝေးခန်းမနှင့် မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေး ခန်းမတို့တွင် ထိုးနှံပေးလျက်ရှိသည်။
ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ်(၁၉)ရောဂါထိန်းချုပ်ကာကွယ်ရေးရက်သတ္တပတ်လှုပ်ရှားမှု ကျေးရွာများ အရောက် Mask Campaign ပညာပေးလုပ်ငန်းများပြုလုပ်
Aug 27,2021
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ်(၁၉)ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ကျေးရွာများအရောက် Mask Campaign ရက်သတ္တပတ်လုပ်ရှာမှု အသိပညာပေးလုပ်ငန်းများကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်သည်။
ငါးသယံဇာတပေါများရေးဧရာဝတီမြစ်အတွင်းငါးမျိုးများစိုက်ထည့်
Aug 27,2021
စစ်ကိုင်းတိုင်းဒေသကြီး ၊ရွှေဘိုခရိုင်၊ကျောက်​မြောင်းမြို့၊ အမှတ်(၄)ရပ်ကွက်၊ ရတနာသိင်္ခ တံတားရှင်းလင်းဆောင်အနီး ဧရာဝတီမြစ်အတွင်းသို့ ယနေ့ ၊နံနက် ၉ နာရီ ခွဲအချိန်က ငါးသယံဇာတပေါများရေးအတွက် ငါးသားပေါက်များ စိုက်ထည့်ပေးခဲ့ ကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ
Aug 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အောင်တော်မူဘုရားကြီး၌ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ကျန်းမာရေးဝန်ထမ်း များနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်းကာ ဇူလိုင်(၃၀)ရက်နေ့တွင် ပထမအကြိမ်ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသော ရဟန်းသံဃာများ၊ အသက်(၆၅)နှစ် အထက်မိဘပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ယနေ့နံနက်(၉)နာရီ၌ စတင်ဆောင်ရွက်သည်။
ရွှေကျင်မြို့နယ်တွင် ရွှေကျင်ချောင်းသဘာဝရေပြင်အတွင်းနှင့်ပကွီးသု‌‌တေသနအင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ
Aug 27,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရွှေကျင်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ရေရှည်စဉ်ဆက္မပြတ် ငါးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးရိက္ခာဖူလုံစေရန်နှင့် ငါးသယံဇာတများ တိုးပွားလာစေရန် ရည်ရွယ်၍ ပဲခူးတိုင်း‌ဒေသကြီး၊ ရွှေကျင်မြို့နယ် ရွှေကျင်ချောင်း သဘာဝရေပြင်အတွင်းနှင့်ပကွီးသု‌‌တေသနအင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ဩဂုတ်၂၇ ရက်နေ့နံနက် ၉နာရီအချိန်မှစ၍ ကျင်းပခဲ့သည်။