ပေါက်မြို့နယ်တွင် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်ကာကွယ်ရေးတို့အတွက် ရပ်ကွက်၊ ကျေးရွာအရောက် Mask Campaign ရက်သတ္တပတ် လှုပ်ရှားမှုဆောင်ရွက်
Aug 27,2021
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီက မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းပပျောက်စေရန်နှင့် ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ရပ်ကွက်၊ ကျေးရွာများ အရောက် ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ Mask Campaign ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် အသိပညာပေးခြင်းနှင့် Maskများ အခမဲ့ဖြန့်ဝေပေးခြင်းကို ဩဂုတ်လ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။