ရွှေကူမြို့တွင် ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်
Aug 27,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ သိသင့်သိထိုက်သော အကြောင်းအရာများကို အသိပညာ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် (၁၁) နာရီ အချိန်က ရွှေကူမြို့နယ်၊ ပြန်/ဆက်ဦးစီးဌာန Community Centre ခန်းမ၌ ပန်းခင်းစီမံချက်ဆိုင်ရာအသိပညာပေး Talk Show အစီအစဉ်ကို ဆွေးနွေး ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။