သတင်းများ

တံတားဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေနှင့် ဒုဋ္ဌဝတီမြစ်ရေများ ဝင်ရောက်လျက်ရှိ
Aug 27,2021
ကျောက်ဆည်ခရိုင် ၊တံတားဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေနှင့် ဒုဋ္ဌဝတီမြစ်ရေများ ယမန်နေ့က စတင်ဝင်ရောက်လျက်ရှိသည့်အ တွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အနီးကပ်ကြီးကြပ် ကွင်းဆင်း ဆောင်ရွက်ပေးကြောင်းသိရသည် ။
လားရှိုးမြို့နယ်တွင် စည်ပင်သာယာရေးဌာန၏ အရပ်ရပ် အခွင့်အရေးလိုင်စင်များ သက်တမ်းတိုးခြင်းနှင့် စိစစ်ရောင်းချခြင်း အခမ်းအနား ကျင်းပ
Aug 27,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဌာန၏ လုပ်ငန်းများဖြစ်သော အသားထုတ်လုပ် ရောင်းချခွင့် လက်မှတ်ထုတ်ပေးခြင်း၊ အရပ်ရပ်အခွင့်အရေး လိုင်စင်သက်တမ်းတိုးခြင်းနှင့် စိစစ်ရောင်းချခြင်း အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မြို့နယ် စည်ပင်သာယာရေးဌာနခန်းမ၌ ကျင်းပခဲ့သည်။
မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းနှင့် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ ဖြန့်ဝေ
Aug 27,2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှု လျော့ပါးစေရေးအတွက် နိုင်ငံတော်အစိုးရ အနေဖြင့် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ ဆောင်ရွက်ပေးလျက်ရှိပြီး တိုင်းဒေသကြီး၊ ပြည်နယ်များ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလှုပ်ငန်းများနှင့် အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင်လည်း ယနေ့နံနက် ၉ နာရီခွဲက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းခွင်များ၊ မယ်စဲ့-ဟိုစဲ့-ဘီပီ(၁၄)လမ်းမကြီးနှင့် အထက(မယ်စဲ့) ကျောင်းရှေ့တို့၌ ဆောင်ရွက်ခဲ့သည်။
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ကျောက်ကြီးမြို့နယ်ရှိ ဒေသခံပြည်သူများအား ဆန်တစ်ပြည် (၁၀၀၀)ကျပ်နှုန်း ရွေ့လျားမော်တော်ယာဉ်ဖြင့် လှည့်လည်ရောင်းချ
Aug 27,2021
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစီစဉ်အရ တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ ယမန်နေ့ညနေ ၃ နာရီအချိန်က မြို့နယ်စည်ပင်သာယာအဖွဲ့ပိုင်း မော်တော်ယာဉ်ဖြင့် ကျောက်ကြီးမြို့ပေါ် ရပ်ကွက်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း အစဉ်ပြေစေရန် ဆန်တစ်ပြည်(၁၀၀၀)ကျပ်နှုန်းဖြင့် လှည့်လည် ရောင်းချပေး ခဲ့ကြောင်း သိရသည်။
မကွေးမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်- ၁၉ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးခြင်းကို ရွှေ့လျား Mobile ယာဉ်ဖြင့် ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်
Aug 27,2021
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ ပြန်ရေးကော်မတီက ကိုဗစ်- ၁၉ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးခြင်းကို ရွှေ့လျားMobile ယာဉ်ဖြင့် ယနေ့ နံနက် (၉)နာရီအချိန်က မကွေးမြို့နယ် သပြေစမ်းကျေးရွာရှိ ဒေသခံပြည်သူများအား ကျေးရွာအရောက် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မုံရွာမြို့ ကျောက်ဆောင်ဆိပ် ချင်းတွင်းမြစ်အတွင်းသို့ ဒုတိယအကြိမ် ငါးမျိုးများ စိုက်ထည့်ပွဲကျင်းပ
Aug 27,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မုံရွာခရိုင်ငါး လုပ်ငန်းဦးစီးဌာန မှ ဦးဆောင်ပြီး ဒေသတွင်းစားနှပ်ရိက္ခာဖူလုံစေရန်အတွက် ရည်ရွယ်ပြီး မုံရွာမြို့ ကျောက်ဆောင်ဆိပ် ချင်းတွင်းမြစ်အတွင်းသို့ ဒုတိယအကြိမ် ငါးမျိုးများ စိုက်ထည့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၈)နာရီခွဲ က ကျင်းပပြုလုပ်ခဲ့သည်။
ရမည်းသင်းမြို့ ဝါတိုးရပ်ကွက်ရှိ သီလဝ(၁)ရပ်၌ အခြေခံအိမ်ထောင်စု(၅၇)ဆန်၊ ဆီ၊ဆား စသည်တို့ ထောင်ပံ့လှူဒါန်း
Aug 27,2021
မန္တလေးတိုင်းဒေသကြီး၊ရမည်းသင်းမြို့နယ် ဝါတိုးရပ်ကွက်ရှိသီလ(၁)ရပ်၌ ယနေ့ နံနက် ၈ နာရီက ဝါတိုးရပ်ကွက်ရှိ သီလဝ(၁) ရပ်ဦးကျော်မိုး~ဒေါ်ယုယု နေအိမ်ရှေ့၌ရပ်ကွက်နေ အခြေခံအိမ်ထောင်စု(၅၇)စုကို ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ဟင်းချိုမှုန့်နှင့် ဒံပေါက်တစ်ထုတ်စီကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်၌ ပြည်သူများအား ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Aug 27,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းမှ အသက် ၆၅ နှစ်အထက် ရှိသူများအပြင် ရပ်ကွက်များမှ ပြည်သူလူထုများအား ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး(ဒုတိယအကြိမ်)ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉နာရီမှ စတင်ကာ ဆေးထိုးရန် သတ်မှတ်ထားသည့် စုရပ်၅ခု၌ ဆောင်ရွက်လျက် ရှိသည်။