သတင်းများ

မိုင်းဖြတ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinopharm) ဒုတိယအကြိမ် ဆက်လက်ထိုးနှံ ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်
Aug 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ် Coronavirus Disease 2019(COVID)-19)ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm) ပထမအသုတ် (ဒုတိယအကြိမ်) ဆက်လက်ထိုးနှံ​ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို သြဂုတ်လ ၂၇ ရက် နံနက်၁၀နာရီအချိန်ခန့်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
ရွှေဘိုခရိုင် ၊ ကျောက်မြောင်းမြို့တွင် ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပ
Aug 27,2021
စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ကျောက်မြောင်းမြို့ အမှတ်(၄) ရပ်ကွက် ရတနာသိင်္ခ တံတား ရှင်းလင်းဆောင်အနီးတွင် ယနေ့နံနက်(၉း၃၀)အချိန်က ရွှေဘိုခရိုင် ငါးလုပ်ငန်းဦး စီးဌာနမှ ကြီးမှူး၍ ဧရာဝတီမြစ်အတွင်းသို့ ငါးမြစ်ချင်းကောင်ရေ(၄)သိန်း ၊ ထိုင်းငါးခုံးမ(၂) သိန်း ၊ ရွှေဝါငါးကြင်းပေါက်(၅)သောင်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၆ သိန်း ၅ သောင်း) တို့ဖြင့် ငါးမျိူးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ကွမ်းလုံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေး
Aug 27,2021
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင် ၊ ကွမ်းလုံမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့က မြို့နယ် နယ်မြေခံတပ်များ အား အိမ်ထောင်စုလူဦးရေစာရင်း ၂၄စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၈၅ကတ် ပြုလုပ်ပေးခဲ့ကြသည်။
မိတ္ထီလာခရိုင်တွင် Quick Win အစီအစဉ်ဖြင့် ချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်စိုက်ဧက ၄၇၅ ဧကနှင့် တိုင်းဒေသကြီးအစီအစဉ်ဖြင့် အထူးဇုံစိုက်ဧက ၆၃၅ ဧကစိုက်ပျိုးပြီးစီး
Aug 27,2021
မိတ္ထီလာခရိုင်အတွင်းရှိ ဒေသခံတောင်သူများ ဝါမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး Quick Win အစီအစဉ်ဖြင့် ချည်မျှင်ရှည်ဝါမျိုးစေ့ထုတ်စိုက်ဧက ၄၇၅ဧကနှင့် တိုင်းဒေသကြီးအစီအစဉ်ဖြင့် ချည်မျှင်ရှည်ဝါ အထူးဇုံစိုက်ဧက ၆၃၅ ဧကတို့ကို စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ခရိုင်စိုက်ပျိုး ရေးဦးစီးဌာနမှ သိရသည်။
ပဲခူးမြို့၌ ပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာရေး Mask Campaginကို အရှိန်အဟုန်မြှင့် ဆောင်ရွက်
Aug 27,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရန်အတွက် ပြည်သူများ အပြင် ထွက်တိုင်း နှာခေါင်းစည်း(Mask)များ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက် များ လိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေး Mask Campaginကို မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ယနေ့နံနက (၀၈:၀၀) နာရီအချိန်က ပဲခူးမြို့ ဥဿာ(၇)ရပ်ကွက် ပင်စည်ဈေး နှင့် ဇိုင်းဂနိုင်းမြောက်ရပ်ကွက် ဘူတာဈေးတို့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တံတားဦးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(၇၁၈၆)ထိုးနှံပြီးစီး
Aug 27,2021
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ကို ရပ်ကွက်/ကျေးရွာများမှ အသက်(၆၅)နှစ်အထက်နှင့် သက်ကြီးရွယ်အိုများ ၊ ဦးစားပေး အဆင့်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယနေ့နံနက် ပိုင်းအထိ လူဦးရေပေါင်း ( ၇၁၈၆) ဦးထိုးနှံပေးပြီး ဖြစ်ကြောင်းသိရသည် ။
ပင်းတယမြို့နယ်တွင်အသက်(၆၅)နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများနှင့်ဦးစားပေးအစီအစဥ်အရပထမအကြိမ်ကာကွယ်ဆေးထိုးထားသူ (၂၆၂) ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Aug 27,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဇူလိုင် ၃၀ ရက်နေ့ကပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ အသက် (၆၅) နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများနှင့်ဦးးစားပေးအစီအစဉ်အရကာကွယ်ဆေးထိုးနှံထားသူ (၂၆၂)ဦးအား ဒုတိယအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို သတ်မှတ်နေ ရာများတွင်ယနေ့နံနက်(၉)နာရီမှ စတင်၍ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ငဖဲမြို့နယ်တွင် နှာခေါင်းစည်းတပ်ဆင်ရေး ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေး
Aug 27,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်မှုလျော့နည်းစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ ထောက်ပံ့ပေးပို့သော နှာခေါင်းစည်း (mask) (၁၃၅၀)ဘူး၊အခုရေ (၆၇၅၀၀)ကို နှာခေါင်းစည်း တပ်ဆင်ရေး ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် ဩဂုတ်လ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့ထိ နှာခေါင်းစည်းများ ဖြန့်ဝေ ပေးသွားမည် ဖြစ်ရာ ယမန်နေ့ မွန်းလွဲ ၂ နာရီက ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်သိန်းလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ချောင်းဖြူ ကျေးရွာအုပ်စု၊ ပေကုန်းကျေးရွာအုပ်စုနှင့် မင်းလွင်ကျေးရွာအုပ်စု သို့ ကွင်းဆင်း၍ အိမ်ထောင်စုများ လက်ဝယ်အရောက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။