ကျောက်တော်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန် လက်ကမ်းစာစောင်နှင့် Mask များဖြန့်ဝေ
Aug 28,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် လတ်တလောအသက်ရှူလမ်း ကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေးအတွက် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း(Mask) မဖြစ်မနေတပ်ဆင်သွားလာရေးအတွက် ယမန်နေ့ နံနက် ၈ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ် တွင် လစာထုတ်ယူရန်လာရောက်ကြသော အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်-၁၉ ကူးစက်မှုမှ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များနှင့် Mask များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။