ပေါက်မြို့နယ်တွင် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်ကာကွယ်ရေးတို့အတွက် ရပ်ကွက်၊ ကျေးရွာအရောက် Mask Campaign ရက်သတ္တပတ် လှုပ်ရှားမှုဆောင်ရွက်

ပေါက်   သြဂုတ်   ၂၇

 မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်  တုံ့ပြန်ရေး ကော်မတီက မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းပပျောက်စေရန်နှင့် ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ရပ်ကွက်၊ ကျေးရွာများ အရောက် ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ Mask Campaign ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် အသိပညာ​ပေးခြင်းနှင့် Maskများ အခမဲ့ဖြန့်​ဝေ​ပေးခြင်းကို ဩဂုတ်လ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကွင်းဆင်းဆောင်ရွက်သွားမည်​ဖြစ်​ကြောင်း သိရသည်။

 ထိုသို့ မြို့နယ်အတွင်း Mask Campaign ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် အသိပညာ​ပေးခြင်းနှင့် Maskများ အခမဲ့ဖြန့်​ဝေ​ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်​​ရေးမှူး ဦးကျော်စိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပေါက်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ (၇၅)အုပ်စု၊ ကျေးရွာပေါင်း(၂၃၅)ရွာအတွက် Mask(၁၅၀၀၀၀)ခုအား ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ဒေသခံပြည်သူများနှင့်တွေ့ဆုံကာMask Campaign ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် အသိပညာ​ပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်​ဝေ​ပေးခြင်းများကို ဒေသခံပြည်သူများ၏ လက်ဝယ်အရောက် ဆက်လက်ဖြန့်ဝေပေးလျက် ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  မြို့ နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

 ပေါက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ပြန့်ပွားမှုနှုန်းလျော့နည်းလာသော်လည်း ကူးစက်မှုများရှိနေဆဲဖြစ်သည့်အတွက် ရောဂါကူးစက်မှုကိုထိန်းချုပ်နိုင်ရန် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် အသိပညာပေးနှိုးဆော်ခြင်းများနှင့် Maskများ အခမဲ့ဖြန်ဝေပေးခြင်းများကို ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ရပ်ကွက်၊ ကျေးရွာများအရောက် ဆက်လက်ဆောင်ရွက်သွားမည်​​ဖြစ်​ကြောင်း သိရသည်။

ဉာဏ်တိုး(ပေါက်)