ဓနုဖြူမြို့နယ်တွင် ကျေးရွာအဆင့်ခေါင်းဆောင်မှုသင်တန်းနှင့် အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အသိပညာပေးခြင်းများ ဆောင်ရွက်

ဓနုဖြူ   သြဂုတ်   ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ယနေ့ နံနက်(၉)နာရီ အချိန်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျေးရွာအဆင့်ခေါင်းဆောင်မှုသင်တန်းနှင့် အစိမ်းရောင်ကျေးလက် ဒေသဖွံ့ဖြိုးရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ သင်တန်းတွင် ဓနုဖြူမြို့နယ်အတွင်းရှိ ကျေးရွာ(၁၀)ရွာမှ မြစိမ်းရောင်စီမံကိန်း ကော်မတီဝင်များနှင့် လူထုဗဟို ပြုစီမံကိန်းကော်မတီဝင်များ စုစုပေါင်း(၂၀)ဦး တက်ရောက်ခဲ့ပြီး ဗီနိုင်းများ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။ ထိုသို့ အသိပညာပေးခြင်းများ ဆောင်ရွက် ရာတွင် ကိုဗစ်- ၁၉ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။