သတင်းများ

ကော့ကရိတ်မြို့၌ ဆရာတော်၊ သံဃာတော်များ၊ အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ် -၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Aug 28,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များ၊ အသက် (၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ် - ၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉နာရီအချိန်က ဆေးထိုးစုရပ် (၁၀) နေရာခွဲ၍ တစ်ပြိုင်နက်တည်း ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိုင်းယန်းမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးစားပေးအုပ်စုအလိုက် ဒုတိယအကြိမ် ထိုးနှံပေး
Aug 28,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို ဦးစားပေးအုပ်စုအလိုက် ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့တွင် မြို့မအားကစားရုံ၌ ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့်တွေ့ဆုံမေးမြန်း
Aug 28,2021
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုအခြေအနေနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများ အခြေအနေများအား ယနေ့နံနက်၁၀နာရီက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မြန်အောင်မြို့နယ်အတွင်း ပထမအကြိမ် ကိုဗစ်ကာ ကွယ်ဆေး ထိုးနှံပြီး သော အသက် (၆၅) နှစ်အထက် သက်ကြီးရွယ်အိုများအား ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေး
Aug 28,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ်အတွင်း ပထမအကြိမ် ကိုဗစ် ကာကွယ်ဆေးထိုးနှံပြီးသော အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ဒုတိယ အကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်က အောင်ဇေယျခန်းမ၊ ကနောင်မြို့ မြို့အုပ်ချုပ်ရေးမှူးရုံးနှင့် အင်ပင်မြို့ ကျေးလက်ကျန်း မာရေးဌာန၊ လက်ပံကွင်း‌ကျေးလက် ကျန်းမာရေးဌာနတို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ဟားခါးမြို့၌ နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးနေမှုအားချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ကြည့်ရှုအားပေး
Aug 28,2021
ချင်းပြည်နယ်အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ဟားခါးမြို့တွင် တာဝန်ထမ်းဆောင်သည့် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး Sinopharm ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှစ၍ ဟားခါးမြို့ ဗိုလ်တိုက်ချွန်းခန်းမနှင့် ခိုင်ကမ်းအား ကစားရုံတို့တွင် ဆေးထိုးစုရပ်နှစ်နေရာခွဲ၍ ထိုးနှံပေး ခဲ့ကြောင်း သိရသည်။
တစ်ရက်လျှင် လီတာ ၄၀ဆံ့ အောက်ဆီဂျင်အိုး အလုံး ၈၀ ထုတ်လုပ်နိုင်သည့် အောက်ဆီဂျင် စက် ဝေါမြို့တွင် စတင်လည်ပတ်
Aug 28,2021
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် မိဘပြည်သူများနှင့် ပတ်ဝန်းကျင် မြို့များရှိ ပြည်သူများ အောက်ဆီဂျင် လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး ရည်ရွယ်လျက် ယနေ့ နံနက်၁၀ နာရီအချိန်မှ စတင်ပြီး တစ်ရက်လျှင် ၄၀လီတာအိုး (၈၀) လုံးထိ ထုတ်လုပ်ပေးနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ပေါင်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Aug 28,2021
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ကို ဇူလိုင်လ ၂၉ ရက်နေ့က စတင်ထိုးနှံပေးခဲ့ပြီး ဩဂုတ်လ ၂၇ ရက်နံနက် ၉:၀၀ နာရီက ကာကွယ်ဆေးဒုတိယအကြိမ်ကို ဆေးထိုးစုရပ် (၅)နေရာ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိုင်းဖြတ်၌ ကိုဗစ်-၁၉ကာကွယ်ဆေး(Sinopharm) ပထမအသုတ်(ဒုတိယ)အကြိမ်ထိုးနှံပေး
Aug 28,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm) ပထမအသုတ် (ဒုတိယ)အကြိမ် ဆက်လက်ထိုးနှံ​​ပေးခြင်းကို ယ​နေ့နံနက် ၈နာရီအချိန် ခန့်ကစ၍ ​ဆေးထိုးစုရပ် ငါး​နေရာတို့တွင် စတင်ထိုးနှံ​ပေး​နေ​ကြောင်း သိရသည်။