မိုင်းယန်းမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးစားပေးအုပ်စုအလိုက် ဒုတိယအကြိမ် ထိုးနှံပေး

မိုင်းယန်း     ဩဂုတ်  ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို ဦးစားပေးအုပ်စုအလိုက် ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့တွင် မြို့မအားကစားရုံ၌ ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းကို အမှတ်(၁၂)စစ်မြေပြင်ဆေးတပ်ရင်း(၄/၁/၁၂)မှ ဗိုလ်ကြီး ရန်လင်း အောင် ဦးစီးသည့်ဆေးဝန်းထမ်းများနှင့် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဦးဘ ဦးဆောင် သည့် ကျန်းမာရေးဝန်ထမ်းများတို့က မိုင်းယန်းမြို့ပေါ်(၁၁)ရပ်ကွက်ရှိ အသက်(၆၅)နှစ် အထက် သက်ကြီးရွယ်အိုများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ Volunter/ပရဟိတများ၊ ဘုန်းတော်ကြီးကျောင်း/သီလရှင်ကျောင်း/ဘာသာရေးကျောင်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်း အတူနေမိသားစုများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံဝန်ထမ်းများ၊ ဟော်တယ်/မိုတယ်/တည်းခိုခန်းများ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းများနှင့် Super Market/ ဈေးသည်များ အစရှိသည့် ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခဲ့သည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးနေမှုအခြေအနေများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် အဖွဲ့ဝင်တို့က ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

ခွန်ရဲထွေး(ပြန်/ဆက်)