သတင်းများ

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရန် ကျေးရွာများတွင်ပါ နေရာခွဲ၍ ထိုးနှံပေး
Aug 28,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ယမန်နေ့မှ စတင်ကာ ကျေးရွာများတွင် ပါနေရာခွဲ၍ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောင်းကုန်းမြို့တွင် ဒါးကမြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ(၄)သိန်းခွဲ ငါးမျိုးစိုက်ထည့်
Aug 28,2021
ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနနှင့်ပုသိမ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနတို့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျောင်းကုန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနသည် ငါးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ငါးသယံဇာတတိုးပွားရေး၊ ငါးစားသုံးမှု ဖူလုံစေရေးနှင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ အထောက်အကူဖြစ်စေရန် မျှော်မှန်း၍ ကျောင်းကုန်းမြို့ ကမ်းနားလမ်း အောင်ဆန်းတံတား၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က ဒါးကမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြသည်။
နမ္မတူတွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Aug 28,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ယနေ့နံနက် (၈)နာရီအချိန်ခန့်က စတင်ကာ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက် ရှိသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဆွမ်းဆန်တော်နှင့်ဆီ လှူဒါန်း
Aug 28,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော၊ ဆွမ်းဆန်တော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှစုပေါင်း၍ ဆွမ်းဆန်တော်နှင့် ဆီ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် (၈)နာရီအချိန်တွင် ဂွမြို့၊ သိမ်ကုန်း စေတီတော် ဝန်းအတွင်းရှိ သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့ရာ
ဒို့တပ်ကုန်းသဘာဝဘေးကူညီရေးအသင်း၏ ပြည်သူများထံသို့ လှူဒါန်းမှုအခြေအနေများကို တွေ့ဆုံမေးမြန်း
Aug 28,2021
နေပြည်တော် တပ်ကုန်းမြို့ပေါ်ရပ်ကွက်များအတွင်းရှိ အခြေခံလူတန်းစားအိမ်ထောင်စုများကို ဒို့တပ်ကုန်း သဘာဝဘေးကူညီရေး အသင်းမှ ကိုဗစ်ကာလတွင် အိမ်ထောင်စု တစ်စုလျှင် ဆန်(၆) ပြည်၊ဆီ(၅၀)သား၊ ကြက်သွန်နီ(၁)ပိဿာ၊ မာမားခေါက်ဆွဲ(၄)ထုပ် တို့ကို ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေး၊
ဘိုကလေးမြို့နယ် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ပြီးဆီးပါက (၂၄)နာရီလျှင် (၄၀)လီတာအိုး အလုံး(၁၀၀) ထုတ်လုပ်နိုင်မည်
Aug 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဦးလှသိန်းလမ်းရှိ ကုတင်(၁၀၀) ပြည်သူ့ဆေးရုံ၏ ကွက်လပ်မြေကွက်တွင် ဩဂုတ်(၈)ရက်နေ့မှ စတင်၍ မြို့နယ်အောက်ဆီဂျင် စက်ရုံ တည်ဆောက်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်လျက်ရှိရာ အဆိုပါ တည်ဆောက်ခြင်း လုပ်ငန်းပြီးဆီးပါက (၂၄)နာရီလျှင် အောက်ဆီဂျင် (၄၀)လီတာအိုး အလုံး(၁၀၀) ထုတ်လုပ်နိုင်မည်ဖြစ်သည်။
ထားဝယ်မြို့ရှိ ပိုးတွေ့လူနာစောင့်ကြည့်ရေး စင်တာများတွင် တာဝန်ထမ်းဆောင်ကြမည့် ပရဟိတ အဖွဲ့အစည်းများနှင့် လူငယ် Volunteer များအတွက် တတိယအကြိမ် သင်တန်းဖွင့်လှစ်
Aug 28,2021
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးကြပ်၍ ထားဝယ်မြို့ရှိ ပိုးတွေ့လူနာစောင့်ကြည့်ရေးစင်တာများတွင် တာဝန်ထမ်းဆောင်ကြမည့် ပရဟိတအဖွဲ့အစည်းများနှင့် Quarantine Center များတွင် တာဝန်ထမ်းဆောင်နေသော လူငယ် Volunteer များအတွက် တတိယအကြိမ် သင်တန်းကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ သင်တန်းဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။
တံတားဦးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ
Aug 28,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) ဒုတိယအကြိမ် ထိုးနှံခြင်းကို ယနေ့နံနက်(၉)နာရီက တံတားဦးမြို့ အမှတ်(၃)ရပ်ကွက်၊ သုခိတ ကမ္ဘောဇဗိမာန်တွင် စုရပ်အဖြစ်သတ်မှတ်၍ အသက်(၆၅)နှစ် အထက် သက်ကြီးဘိုးဘွားများ၊ သံဃာတော်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာရှင်ဝန်ထမ်းများက ကာကွယ်ဆေးများ ထိုးနှံလျက်ရှိကြောင်း သိရသည် ။