သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များနှင့် စုပေါင်း သန့်ရှင်ရေးဆောင်ရွက်
Aug 28,2021
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ ပြည်နယ်ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပရဟိတလူမှုကူညီရေး အသင်း အဖွဲ့ဝင်များက ယနေ့နံနက် ၇ နာရီခွဲတွင် မြစ်ကြီးနား မြို့ သန့်ရှင်းသာယာလှပရေးအတွက် မြို့ပေါ်ရပ်ကွက်အသီးသီးတွင် စုပေါင်း သန့်ရှင်းရေး လုပ်ငန်း ကို ဆောင်ရွက်ခဲ့ကြသည်။
ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် Mini Budget အတွက် ကျန်ရှိသည့် အရပ်ရပ်အခွင့်အရေးလိုင်စင် နှစ်မျိုးအား စက်တင်ဘာလ ၁ ရက်၌ ဒုတိယအကြိမ် လေလံရောင်းချမည်
Aug 28,2021
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့စည်ပင်သာယာရေးအဖွဲ့၏ အရပ်ရပ်အခွင့်အရေးလိုင်စင်များအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် Mini Budget လုပ်ငန်းလိုင်စင် လေးမျိုးအနက် ကျန်းရှိသည့် လုပ်ငန်းလိုင်စင် နှစ်မျိုးအား စက်တင်ဘာ ၁ ရက်၌ ချိတ်ပိတ်တင်ဒါစနစ်ဖြင့် ဒုတိယအကြိမ် လေလံရောင်းချမည်ဖြစ်ကြောင်း အများပြည်သူသိရှိနိုင်ရန် ကြော်ငြာထားကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ တာချီလိတ်မြို့ စံလင်းဖြိုးကုမ္ပဏီမှ လှူဒါန်းထားသည့်အောက်ဆီဂျင်ထုတ်စက်ရုံသို့ ကြည့်ရှုစစ်ဆေး
Aug 28,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်း စစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများသည် ယနေ့ မွန်းလွဲ ၂ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့သို့ ရောက်ရှိပြီး စံလင်းဖြိုးကုမ္ပဏီမှ လှူဒါန်းထားသည့် အောက်ဆီဂျင်ထုတ်စက်ရုံအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ဥတ္တရသီရိမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးခ
Aug 28,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ပြည်သူများ၊ Super Market ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးခြင်းကို ယနေ့နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ မြို့နယ်ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ခဲ့သည်။
မိုင်းကိုင်မြို့ပေါ် ရပ်ကွက်(၅)ခုအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် စတင်ထိုးနှံပေး
Aug 28,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်(၅)ခုအတွင်း နေထိုင်သော လူတန်းစား အမျိုးအစား (၇)မျိုးအား ယနေ့မနက် ၉ နာရီမှစ၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) များကို စတင်ထိုးနှံပေးနေကြောင်း သိရသည်။
ဟိုပန်မြို့တွင် အသက်(၆၅)နှစ်အထက်သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဒုတိယအကြိမ် ထိုးနှံပေး
Aug 28,2021
 “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် အသက်(၆၅)နှစ်အထက်သက်ကြီးရွယ်အိုများအား ဦးစားပေး၍ ကိုဗစ်-၁၉ကာကွယ်ဆေးကို ယနေ့ နံနက်၉ နာရီမှစ၍ “ဝ”နှစ်ခြင်းခရစ်ယာန်ဘုရားရှစ်ခိုးကျောင်းတွင် စတင်ထိုးနှံပေးလျက်ရှိသည်။
မောက်မယ်မြို့နယ်၌မိုးစပါးစိုက်ပျိုးပြီးစီးမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 28,2021
 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မိုးစပါးလျာထားချက်ဧက ပြည့်မီရေးအတွက် စိုက်ပျိုးမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးကော်မတီတို့က ယနေ့နံနက် ၁၀ နာရီက မြို့မကွင်းသို့ သွားရောက်၍  ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသိရသည်။
လားရှိုးမြို့တွင် ဒုတိယအကြိမ် ကာကွယ်ဆေးအပြီးသတ်ထိုးနှံပေး
Aug 28,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ဆင်းရွှေလီဘိုးဘွားရိပ်သာရှိ အဘိုး/အဖွားများ၊ အရှေ့ခါးရိုး ကျောင်းတိုက်နှင့် ပန်အုတ်ကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များကို ဩဂုတ်လ လဆန်းပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခဲ့ရာ ယနေ့နံနက်ပိုင်းအချိန်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်အပြီးသတ်ထိုးနှံပေးခဲ့သည်။