သတင်းများ

သီ‌ပေါမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ  ကာကွယ်ဆေးထိုးနှံပေး
Aug 28,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့တော်ခန်းမဆေးထိုးစုရပ် နေရာအပါအဝင် စုရပ်(၄)နေရာတို့တွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပန်လုံမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရန် ကွင်းဆင်းဆောင်ရွက်
Aug 28,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့  အင်အားဆိုင်ရာ မြို့ဦးစီးရုံးမှ မြို့ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ဩဂုတ်လ ၂၅ ရက်နေ့မှစ၍  ပန်းခင်းစီမံချက်ဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှရပ်/ကျေး စာရေးများ၊ ရပ်ကွက် အုပ်ချုပ်ရေး မှူးများနှင့် ပူးပေါင်းကာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် အုပ်စုခွဲ၍ကွင်းဆင်းစာရင်းကောက်ယူ ခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ကျောက်တန်းမြို့နယ်ရှိ ပုဂ္ဂလိကစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အောက်ဆီဂျင်စက်ရုံတို့ကိုကြည့်ရှု
Aug 28,2021
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည်ယမန်နေ့ နံနက်ပိုင်းက ကျောက်တန်းမြို့နယ် မိုးစပါး စိုက်ခင်း၊ ကာကွယ်ဆေးထိုးနှံပေးနေမှု၊ မြို့နယ်ပြည်သူ့ဆေးရုံရှိအောက်ဆီဂျင်စက်၊ ပုဂ္ဂလိက ဂဏန်း ၊ ပုဇွန်မွေး မြူရေးလုပ်ငန်းများ ၊ အောက်ဆီဂျင်စက်ရုံများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၆/၂၀၂၁) တက်ရောက်ခြင်းနှင့် မုံရွာမြို့ရှိ အောက်ဆီဂျင်စက်ရုံများ ကြည့်ရှုစစ်ဆေး
Aug 28,2021
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပက်သက်သည့်  လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂၆/၂၀၂၁) ကို ယမန်နေ့ နံနက်(၉) နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
သပိတ်ကျင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေး
Aug 28,2021
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကာကွယ် ဆေး ထိုးနှံခွင့်ရှိသည့် သတ်မှတ်အုပ်စုများအလိုက် စဉ်ဆက်မပျက် ထိုးနှံပေးလျက်ရှိရာ သြဂုတ်လ (၂၆)ရက်နေ့တွင် အုံးဇုံးကျေးရွာအုပ်စုနှင့် ချောင်းကြီးကျေးရွာအုပ်စုတို့တွင် ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေး ခဲ့ကြောင်း သိရသည်။
ကော့ကူး-ပေါ့ထော်-နောင်ကမြိုင် လမ်းပေါ်ရှိ ခဝိချောင်းကူးတံတား ဖွင့်ပွဲကျင်းပ
Aug 28,2021
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်သည့် ဘားအံမြို့နယ် ကော့ကူး-ပေါ့ထော်-နောင်ကမြိုင်လမ်းပေါ်ရှိ ခဝိချောင်းကူးတံတား(၈၀)ပေ ကွန်ကရစ်တံတား ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါတံတားတည်နေရာ၌ ကျင်းပသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ရှာဖွယ်ကယ်ဆယ်ရေး၊ မီးငြိမ်းသတ်ရေး သရုပ်ပြသမှုနှင့် သဘာဝဘေးအန္တရာယ်ကူညီ ကယ်ဆယ်ရေး သရုပ်ပြသမှုတို့ကို သွားရောက်ကြည့်ရှု
Aug 28,2021
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပြည်နယ် မီးသတ်ဦးစီးဌာနရုံးနှင့် စစ်တွေမြို့နယ်၊ ကျောက်တန်းကျေးရွာ၊ ကျောက်တန်းတံတားအနီးတို့၌ ပြုလုပ်သည့် ရှာဖွယ်ကယ်ဆယ်ရေး၊ မီးငြိမ်းသတ်ရေး သရုပ်ပြသမှုနှင့် သဘာဝဘေးအန္တရာယ်ကူညီ ကယ်ဆယ်ရေး သရုပ်ပြသမှုတို့ကို တက်ရောက်ကြည့်ရှုခဲ့သည်။
ချောက်မြို့နယ်တွင်Mobile RDT Test Kit ယာဉ်ဖြင့်ကိုဗစ်- ၁၉ရောဂါပိုးရှိ/မရှိ ကျေးရွာအရောက်ကွင်းဆင်းစစ်​ဆေး
Aug 28,2021
 မကွေးတိုင်းဒေသကြီး၊​ ချောက်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီ၏ဦးဆောင်မှုဖြင့်Mobile RDT Test Kit ​ယာဉ်ဖြင့်ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က သြဇာ​တော​ကျေးရွာ အုပ်စု​ ဩဇာ​တော​ကျေးရွာဒေသခံ   ပြည်သူများအားကျေးရွာအရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။