မိုင်းဖြတ် သြဂုတ် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm) ပထမအသုတ် (ဒုတိယ)အကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈နာရီအချိန် ခန့်ကစ၍ ဆေးထိုးစုရပ် ငါးနေရာတို့တွင် စတင်ထိုးနှံပေးနေကြောင်း သိရသည်။
ထို့သို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို ကိုယ်ပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပြီး သွေပေါင်ချိန် ပုံမှန်အခြေအနေသို့ ရောက်မှာသာ ကာကွယ်ဆေး ထိုးနှံပေးပြီး ၂၀၂၁ခုနှစ် ဇူလိုင်လ ၃၁ရက်နေ့တွင် (ပထမ)အကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူများဖြစ်သည့် အသက်(၆၅)နှစ်အထက် ပြည်သူများ၊ ဦးစားပေးအစီအစဉ်တွင် ပါဝင်သူများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ/ ပရဟိတလုပ်ငန်း ဆောင်ရွက်နေသူများ၊ သာသနာပြုပုဂ္ဂိုလ်များ၊ နိုင်ငံဝန်ထမ်းများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းပိုင်ရှင်များ၊ အချုပ်သားများ၊ စျေးရောင်းသူ စုစုပေါင်း (၆၀၈)ဦးကို ဒုတိယအကြိမ် ထပ်မံထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးလုပ်ငန်းတွင် (COVID -၁၉) ကာကယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲများ၊ သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာများရှိ တာဝန်ရှိသူများက ကာကွယ်ဆေးထိုးစုရပ် နေရာများဖြစ်သည့် အထက(မိုင်းဖြတ်)၊ ပါဆန်းကျေးလက်ကျန်းမာရေးဌာန၊ လန်းဆတ်ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ဆိုက်ခေါင်ကျန်းမာရေးဌာန(ခွဲ)၊ နမ့်ပန်ကျေးလက်ကျန်းမာ ရေးဌာနတို့တွင် တစ်ပြိုင်တည်းထိုးနှံပေးခြင်းဖြစ်ကြောင်းသိရသည်။
သန်းထွန်းအေး