မော်လမြိုင်ကျွန်းမြို့နယ်၊ကျိုက်ပိကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Aug 28,2021
လပွတ္တာ ခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှု့ဖြင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူပြည်သူများအား ဒုတိယအကြိမ်ကာကွယ် ဆေး ဆက်လက်ထိုးနှံပေးခြင်း အားကျိုက်ပိကျေးရွာအုပ်စု ကျိုက်ပိ အ-ထ-က ကျောင်းတွင် ယနေ့နံနက် ၉ နာရီ အချိန်က စတင်ပြီး ကာကွယ်ဆေးထိုးနှံပေးလျက် ရှိကြောင်း သိရသည်။