မြန်အောင်မြို့နယ်အတွင်း ပထမအကြိမ် ကိုဗစ်ကာ ကွယ်ဆေး ထိုးနှံပြီး သော အသက် (၆၅) နှစ်အထက် သက်ကြီးရွယ်အိုများအား ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေး

မြန်အောင်  ဩဂုတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ်အတွင်း ပထမအကြိမ် ကိုဗစ် ကာကွယ်ဆေးထိုးနှံပြီးသော  အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ဒုတိယ အကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်က အောင်ဇေယျခန်းမ၊ ကနောင်မြို့ မြို့အုပ်ချုပ်ရေးမှူးရုံးနှင့် အင်ပင်မြို့ ကျေးလက်ကျန်း မာရေးဌာန၊ လက်ပံကွင်း‌ကျေးလက် ကျန်းမာရေးဌာနတို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

အသက်(၆၅)နှစ်အထက် ဒုတိယအကြိမ် ကိုဗစ်ကာ ကွယ်ဆေးထိုးနှံ‌ပေးခြင်းအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဦးနေမင်းထွန်း ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနဝန်ထမ်းများနှင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ Volunteer များက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း အောင်မြင်ရန် ကူညီ ဆောင်ရွက်‌ပေးလျက် ရှိကြောင်းသိရှိရသည်။

မြန်အောင်မြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို အသက်(၆၅)နှစ် အထက်  လူမျိုးဘာသာမရွေး မိဘပြည်သူများကို ဦးစားပေးထိုးနှံပေးပြီး သတ်မှတ် ဦးတည် အုပ်စုများကို ဦးစားပေးအ စီအစဉ်အလိုက် ဆေးထိုးစုရပ်(၁၀)နေရာတွင် ဆက်လက်ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဝင်းဗိုလ် (မြန်အောင်)