ကျိုက်ဒုံမြို့တွင် ဒုတိယအကြိမ်(၆၅)နှစ်နှင့်အထက် ဦးစားပေးထိုးသင့်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခြင်းများဆောင်ရွက်
Aug 28,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ (အ.ထ.က)ကျောင်းတွင် ယနေ့ နံနက် ၉ နာရီက မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်၊ တိုက်နယ်ဆရာဝန်ဒေါက်တာ မန်းမင်းနိုင်ဦးနှင့် ကျေးလက်ကျန်းမာရေး ဝန်ထမ်းများက ကျိုက်ဒုံမြို့တွင်နေထိုင်သည့် အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများ၊ ဦးစားပေး ထိုးသင့်သည့် ကျန်းမာရေးဝန်ထမ်းများ၊ Volunteer/ ပရဟိတအဖွဲ့များ၊ သံဃာတော်များ၊ နိုင်ငံဝန်ထမ်များ၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံဝန်ထမ်းများ၊ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်သူများ၊ဈေးရောင်းသူများအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။