သတင်းများ

မြို့သစ်မြို့နယ်တွင် ရွေ့လျားစစ်ဆေးရေးယာဉ်ဖြင့် ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါပိုး ရှိ/မရှိ ကွင်းဆင်း စစ်ဆေးပေး
Aug 28,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြိုသစ်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူများအား ရွေ့လျား Mobile စစ်ဆေးရေးယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းကို သြဂုတ်လ ၂၇ ရက်မှ စတင်၍ ကျေးရွာများသို့ သွားရောက်၍ စစ်ဆေးဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ်တွင် အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဒုတိယအကြိမ် ထိုးနှံ
Aug 28,2021
မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသက် ၆၅နှစ်အထက် သက်ကြီးရွယ်အိုများအား ယနေ့ နံနက် ၉နာရီခွဲအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာတွင် မြို့မဇုံအတွင်းရှိ ရပ်ကွက်(၈)ရပ်ကွက်နှင့် ကျေးရွာများ အတွင်းရှိ သက်ကြီးရွယ်အိုများ(၁၈၀)ကို စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကောလင်းမြို့နယ်၌ School garden ၊ Home gardenများ ဖော်ဆောင်စိုက်ပျိုးနိုင်ရေး တောင်သူနည်းပညာ သင်တန်းပေးခြင်းနှင့် မျိုးစေ့နှင့်ပျိုးပင်များ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်
Aug 28,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းဝင် ဆည်တိုကျေးရွာ ကျေးရွာသစ် လှုပ်ရှားမှုခန်းမ၌ ယနေ့ နံနက် ၉နာရီအချိန်က အခြေခံကျောင်းများ၊ ကျေးရွာရှိ မြေလွတ်မြေရိုင်းများတွင် School garden၊  Home gardenများ ဖော်ဆောင်စိုက်ပျိုးနိုင်ရေး တောင်သူနည်းပညာ သင်တန်းပေးခြင်းနှင့် မျိုးစေ့နှင့် ပျိုးပင်များ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Aug 28,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ် ၈ ရပ်ကွက်ရှိ ကွန်ဖြူးရှပ်ကျောင်း၌ ယနေ့နံနက် ၁၀ နာရီ အချိန်ခန့်က စတင်ကာ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်
Aug 28,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်လျက်ရှိရာ ယမန်နေ့မှစ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ဘိုးဘွားများ လက်ဝယ်အရောက် အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်၊ကျိုက်ပိကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Aug 28,2021
လပွတ္တာ ခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှု့ဖြင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူပြည်သူများအား ဒုတိယအကြိမ်ကာကွယ် ဆေး ဆက်လက်ထိုးနှံပေးခြင်း အားကျိုက်ပိကျေးရွာအုပ်စု ကျိုက်ပိ အ-ထ-က ကျောင်းတွင် ယနေ့နံနက် ၉ နာရီ အချိန်က စတင်ပြီး ကာကွယ်ဆေးထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်အဖွဲ့ မိုင်းဆတ်ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များနှင့် တွေ့ဆုံပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ ပေးအပ်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး 
Aug 28,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ ညနေ(၃)နာရီခွဲက မိုင်းဆတ်မြို့သို့ ရောက်ရှိခဲ့ပြီး ဇိအုန်ဟိုတယ်ခန်းမတွင် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။