ပုဗ္ဗသီရိ ဩဂုတ် ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ခုတင်-၅၀ဆံ့ ပြည်သူ့ဆေးရုံ၌ ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ စားသောက်ဆိုင်ဝန်ထမ်းများ၊ ပရဟိတ အဖွဲ့များနှင့် ပြည်သူများအား ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးရန် နှာခေါင်းတို့ဖတ်နမူနာ ရယူစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်စစ်ဆေးရာတွင် ပုဗ္ဗသီရိမြို့နယ် မြို့နယ်ခုတင်(၅၀)ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်တာသိမ့်သိမ့်ထွေးနှင့် ကျန်းမာရေးဝန်ထမ်းများက ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ စားသောက်ဆိုင်ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များနှင့် ရပ်ကွက်/ ကျေးရွာနေပြည်သူများအား ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးရန် နှာခေါင်းတို့ဖတ်နမူနာ ရယူစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့သို့စစ်ဆေးခြင်းများကို (၂၈-၈-၂၀၂၁)ရက်နေ့မှ (၂-၉-၂၀၂၁)ရက်နေ့အထိ နေ့စဉ် နံနက်(၉)နာရီမှ နေ့လည်(၁၂)နာရီအထိလည်းကောင်း၊ နေ့လည် (၁)နာရီမှ ညနေ(၃)နာရီအထိလည်းကောင်း စစ်ဆေးပေးသွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့်လည်း မိမိကိုယ်ကို ကိုဗစ်-၁၉ရောဂါ သံသယရှိပါက လာရောက်စစ်ဆေးနိုင်ကြောင်း မြို့နယ်ခုတင်(၅၀)ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်တာသိမ့်သိမ့်ထွေးထံမှ သိရသည်။
မျိုးသီဟ