ကျေးသီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဒုတိယအကြိမ်စတင်ထိုးနှံ

ကျေးသီး   သြဂုတ် ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင်အသက်( ၆၅ )နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက်  (  ၉ ) နာရီခန့်က ကျေးသီး မြို့နယ်ခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးထူးထက်၏ ကြီးကြပ်မှုဖြင့် ပထမအကြိမ်ထိုးနှံထားသော အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့်ဦးစားပေးအဆင့်တွင်ပါဝင်သူများကို နေ့ရက်သတ်မှတ်ပြီးရပ်ကွက်အလိုက်ခေါ်ယူကာ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများပူးပေါင်း၍ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းစသည့်ကျန်းမာရေးစစ်ဆေးပေးမှုများကိုဆောင်ရွက်ခဲ့ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို စနစ်တကျထိုးနှံပေးခဲ့ကြောင်းသိရသည်။

ကျေးသီးမြို့နယ်တွင် ယနေ့ နံနက် ( ၉ )နာရီ မှ မွန်းတည့် ( ၁၂ )နာရီတွင် တစ်ကြိမ်   မွန်းလွဲ (၂ )နာရီမှ ညနေ(၄) နာရီတွင် တစ်ကြိမ် ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိသူများကို  ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

 မြို့နယ်(ပြန်/ဆက်)