ကြာအင်းဆိပ်ကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်လျက်ရှိ
Aug 28,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက်ပိုင်းအချိန်က ဩဂုတ်လအတွင်း ပထမအပါတ်မှစတင်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခဲ့သည့် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများနှင့် ပထမဦးစားပေးအဖြစ် ထိုးနှံခွင့်ရရှိသည့် မိဘပြည်သူများအား ဒုတိယအကြိမ်အဖြင့် အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြို့နယ်ဇမိခန်းမအတွင်း၌ ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။