အိမ်မဲ သြဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်သို့ ယမန်နေ့မွန်းလွဲ ၂နာရီ အချိန်က ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က အိမ်မဲမြို့နယ် ပြည်သူ့ဆေးရုံအတွက် အလှူငွေနှင့် ကိုဗစ်-၁၉လုပ်ငန်းသုံးပစ္စည်းများ လှူဒါန်းပေးပြီး၊ အောက်ဆီဂျင် စက်ရုံတည်ဆောက်နေမှုနှင့် ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည့် အိမ်မဲမြို့နယ် ခုတင်(၅၀) ပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ရာ မြို့နယ်ဆီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်၊ မြို့နယ်ဆီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူး ကောင်းမြတ်စံနှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးကျော်အောင်တို့က ကြိုဆိုခဲ့ကြပြီး ဝန်ကြီးချုပ်မှ မြို့နယ်ပြည်သူ့ဆေးရုံအတွက် PPE ဝတ်စုံ(၁၀၀)၊ RDT(test kid) (၃၀၀)ခု၊ ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေ(၅)သိန်းကျပ်တို့ကို လည်းကောင်း၊ ကိုဗစ်စင်တာများတွင် တက်ရောက်ကုသနေသော လူနာများအား ကျွေးမွေးရန်အလှူငွေ သိန်းသုံးဆယ်ကျပ်တို့ကို လှူဒါန်းပေးခဲ့ရာ တာဝန်ရှိသူအသီးသီးက လက်ခံရယူခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည့် မြို့မလူငယ်ဘောလုံးကွင်းအတွင်းရှိ အောက်ဆီဂျင်စက် ထားရှိမည့်နေရာ တည်ဆောက်နေမှုတို့ကို စစ်ဆေးခဲ့ရာ မြို့နယ်အောက်ဆီဂျင် ဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်