ကျွန်းစု ဩဂုတ် ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကရုဏာနာရေးကူညီမှုအသင်းက မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ပြင်းထန်စွာ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းက ကိုဗစ် - ၁၉ ပိုးတွေ့လူနာများ ထားရှိသည့်နေရာနှင့် အသွားအလာစောင့်ကြည့်ထားရှိသည့် နေအိမ်များအား ကလိုရင်း ပိုးသတ်ဆေးများ ပက်ဖျန်းခဲ့ကြောင်း သိရသည်။
ပက်ဖျန်းရာတွင် ကျွန်းစုမြို့နယ် ကရုဏာနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးသန်းဇော်နှင့် အသင်းသားများက အမှတ်(၁)ရပ်ကွက်ရှိ ကိုဗစ် - ၁၉ ပိုးတွေ့လူနာများ ထားရှိသည့်နေရာ အတွင်း၊ အပြင်နှင့် (ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံရသည့် မိသားစုနေအိမ်)နှင့် ပတ်ဝန်းကျင်များ၊ အသွားအလာစောင့်ကြည့်ထားရှိသည့် နေအိမ်များအား ကလိုရင်း ပိုးသတ်ဆေးများ လိုက်လံပက်ဖျန်းခဲ့ကြကြောင်း သိရသည်။
ကျွန်းစု(ပြန်/ဆက်)