ရန်ကုန်မြို့နယ်အတွင်း မြို့နယ်တစ်ချို့မှ ရပ်ကွက်များမီးပျက်မည်

ရန်ကုန် ဩဂုတ် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် 66kV သာကေတ-ပုသိမ်ညွန့်ဓာတ်အားလိုင်းနှင့် ထိစပ်နေသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်းများကို ယနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁ နာရီအချိန်အတွင်း ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ သိရသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များဖြစ်သော တာမွေမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာကေတမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ဗဟန်း မြို့နယ်များအတွင်းရှိ ရပ်ကွက်အချို့တို့တွင် လျှပ်စစ်ဓာတ်အားလိုင်း ယာယီဓာတ်အားပြတ်တောက်မှု ရှိမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ပြည်သူများထံသို့ အသိပေး ပန်ကြားထားကြောင်း သိရသည်။

စန္ဒာမိုး(ပြန်/ဆက်)