ဂွ သြဂုတ် ၂၉
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် သံသယလူနာ (၁၅)ဦး ကိုစစ်ဆေးခဲ့ရာ သံသယလူနာ(၁၂) ဦး၌ ကိုဗစ်- ၁၉ ရောဂါပိုး တွေ့ရှိရကြောင်းသိရသည် ။
ပိုးတွေ့လူနာ(၁၂)ဦးမှာ ဂွမြို့နယ်၊ ကျိန္တလီမြို့၊ အမှတ် -၂ ရပ်ကွက်မှ သံသယလူနာ (၄) ဦး၊ ကျိန္တလီမြို့၊ အမှတ်-၁ ရပ်ကွက်မှ သံသယလူနာ (၁) ဦး၊ဘိုကလေး(ရွာသစ်) ကျေးရွာမှ သံသယ လူနာ (၁) ဦး၊ရတနာမြိုင်ကျေးရွာမှ သံသယလူနာ (၁) ဦး၊ မကျည်းငူကျေးရွာမှ သံသယလူနာ (၂) ဦး၊ ရဟိုင်ကွင်းကျေးရွာ မှ သံသယလူနာ (၂) ဦး၊ မြို့မရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းမှ သံသယလူနာ (၁) ဦးတို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့လူနာများကို ပြည်သူ့ဆေးရုံ(ဂွမြို့) တွင် (၃) ဦး၊ ကိုဗစ်-၁၉ ကုသရေး Center.2 (ဂွမြို့)တွင် (၂) ဦး၊ ကျိန္တလီတိုက်နယ်ဆေးရုံတွင်(၇)ဦး ထားရှိကုသပေးသွားမည်ဖြစ်ပြီး ယနေ့ဆေးရုံဆင်းလူနာ (၁၂) ဦးနှင့် ကုသဆဲလူနာစုစုပေါင်း (၉၉) ဦးရှိကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ရွှေရည်ဝင်းကျော်