“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့ ’’ ဆောင်ပုဒ်များ ဖြန့်ဝေ

ဘုတလင် သြဂုတ် ၂၉

ဘုတလင်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများအား တစ်ဦးချင်းကိုယ်စီ လက်ဝယ်ကိုင်ဆောင် ရရှိနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးမည်ဖြစ်သဖြင့် ဘုတလင်မြို့အဝင်တွင် ဘုတလင်မြို့နယ်အတွင်း နေထိုင်ကြသော ခရီးသွားလာပြည်သူများ သိရှိနိုင်စေရန်အတွက် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့” ဆောင်ပုဒ်စတစ်ကာ စာရွက်များကို ခရီးသွားပြည်သူများ၏ မော်တော်ယာဉ်များပေါ်နှင့် လမ်းဘေးဝဲယာစျေးဆိုင်ခန်းများတွင် စတစ်ကာစာရွက်များကပ်၍ အသိပေးဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပေးဆောင်ရွက်မှုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဟိန်းနှင့် ဝန်ထမ်းများ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးဦးစီးမှူး ဦးခင်မောင်သန်းနှင့် ဝန်ထမ်းများ မြို့နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်းကာ ဘုတလင်မြို့နယ်အတွင်း နေထိုင်ကြသော ပြည်သူများသိရှိနိုင်စေရန်အတွက် ခရီးသွားလာ မော်တော် ယာဉ်များပေါ်နှင့် လမ်းဘေးဝဲယာ စျေးဆိုင်ခန်းများတွင် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့” ဆောင်ပုဒ် စတစ်ကာစာရွက်များကပ်၍ အသိပေးဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နှင်းယုအေး(ဘုတလင်)