ပွင့်ဖြူ ဩဂုတ် ၂၉
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ကျောင်းကုန်းကြီးကျေးရွာနေ အမျိုးသားတစ်ဦး ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက နွားကျောင်းနေစဉ် ကျားကိုက်ခံရမှုဖြစ်ပွားခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က ပွင့်ဖြူမြို့နယ်ကျောင်းကုန်းကြီးကျေးရွာနေသူ အသက် (၅၅)နှစ်အရွယ် အမျိုးသားသည် ကျောင်းကုန်းကြီးကျေးရွာနှင့် ရေပုတ်ကြီးကျေးရွာအကြား ယာတဲအနီးတွင် နွားကျောင်းနေစဉ် နွားမဒန်းအရွယ် ကျားတစ်ကောင်မှ ဝင်ရောက် ကိုက်ခဲသဖြင့် ယာဘက်ဒူးအောက်တွင် ပေါက်ပြဲဒဏ်ရာ(၁)ချက် ၊ ယာဘက်ပေါင်ပေါက်ပြဲဒဏ်ရာ(၄)ချက်(မစိုးရိမ်ရ) ဒဏ်ရာအသီးသီး ရရှိခဲ့ပြီး ပွင့်ဖြူမြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )