ကဝမြို့၌ ဆန်တစ်ပြည် တစ်ထောင်ကျပ်နှုန်းဖြင့် လှည့်လည်ရောင်းချ

ကဝ သြဂုတ်  ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ကဝမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့်  မြို့နယ် ကိုဗစ်- ၁၉ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေးကော်မတီက Stay at Home ကာလအတွင်း  ပြည်သူများစားဝတ်နေရေးအဆင်ပြေစေရန်အတွက်   ဆန်လှည့်လည် ရောင်းချခြင်းကို   ယမန်နေ့ညနေက ကဝမြို့  အမှတ်-၄ မင်းပိုင်းရပ်ကွက်နှင့်  အမှတ်-၅ ရုံးကြီးရပ်ကွက် (၂)နေရာတို့၌  မနောသုခဆန် (၈)လုံးကိုက် တစ်ပြည်လျှင် တစ်ထောင်ကျပ် နှုန်းဖြင့် ရောင်းချပေးခဲ့သည်။

အလားတူ  ကဝမြို့နယ်  ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အနေဖြင့်  ကဝမြို့နယ်အတွင်းရှိ  အခြားရပ်ကွက်များရှိ  ပြည်သူများထံသို့  နေ့စဉ် လှည့်လည် သွားရောက်ကာ  ဆန်များကို  စျေးနှုန်းသက်သာစွာဖြင့်  ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 မြို့နယ်ပြန်/ဆက်