ဒေါပုံမြို့နယ်တွင် အခြေခံစားသောက်ကုန်များ အဖိုးနှုန်းသက်သာစွာဖြင့်ရောင်းချပေး
Sep 01,2021
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားနေစဉ် ကာလအတွင်းပြည်သူများ စားသောက်ရေး လွယ်ကူလျှင်မြန်စေရန် မြန်မာနိုင်ငံဆန်ကုန်သည်များအသင်းမှ အခြားစားသောက်ကုန်များကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ရောင်းချပေးလျှက်ရှိရာ အခြေခံစားသောက်ကုန်များဖြစ်ကြသည့် ဆန်၊ ဆီ၊ ကြက်ဥစသည်များကို သြဂုတ်(၃၀)ရက်နေ့နံနက်(၉)နာရီမှစတင်ကာ ယနေ့ထိဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက်ရှိ မဏ္ဍိုင်လမ်းမကြီးနှင့် ရွှေစေတီလမ်းထောင့် တွင်လည်းကောင်း၊ ဇေယျာသီရိရပ်ကွက်ရှိ ပေ(၈၀)လမ်းမကြီး၊ ဓမ္မာရုံရှေ့တွင် ်လည်းကောင်း၊ ရွေ့လျားယာဉ်ဖြင့် အဖိုးနှုန်းသက်သာစွာ လိုက်လံရောင်းချ ပေးခဲ့ကြောင်းသိရသည်။