သတင်းများ

ပုဏ္ဏားကျွန်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ
Aug 31,2021
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ အသက်(၆၅)နှစ်အထက် ပြည်သူများနှင့်ဦးစားပေးအုပ် စုအလိုက် ပထမအကြိမ်  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံထားသည့် ပြည်သူများကို ယနေ့၊ နံနက်(၉)နာရီမှ (၄)နာရီအထိ   ပုဏ္ဏားကျွန်းမြို့   လောကမာရဇိန်ဘုရားကြီးသိမ်တော်၊ ယိုးတရုပ်တိုက်နယ်ဆေးရုံး၊   ပိုးရွှီပြင်တိုက်နယ်ဆေးရုံ၊   ကွန်းတောင်ကျန်းမာရေးဌာနနှင့် အလယ်ချောင်းကျန်းမာရေးဌာနတို့တွင်  ဦးစားပေးအလိုက်  ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရသည်။
ပန်းဘဲတန်းမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် မိဘပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်- ၁၉ ကာကွယ်ဆေးများဆက်လက်ထိုးနှံပေး
Aug 31,2021
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ်အတွင်းရှိ အသက် (၆၅) နှစ် နှင့်အထက် မိဘပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ဩဂုတ်(၃၀)ရက်နေ့မှစတင်ပြီး နံနက်(၉)နာရီအချိန်တွင် ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ဧကရီခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှှင့်အညီဆောင်ရွက်ကြသည်။
သန်လျင်၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Aug 31,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် နိုင်ငံဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများ၊ သံဃာတော်များနှင့် သီလရှင်များအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်) အား ယမန်နေ့ မွန်းလွဲ ၁ နာရီက သန်လျင်မြို့ မဟာအတုလ သဒ္ဓမ္မရံသီ သာသနာ့ဗိမာန် တော်ကြီး၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့ လူနာ (၅) ဦး ထပ်မံတွေ့ရှိ
Aug 31,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်သို့ ရပ်ဝေးဒေသမှ ပြန်လည်ရောက်ရှိလာသူများ Quarantine ဝင်ရောက်ပြီး သတ်မှတ်ရက်ပြည့်သူများနှင့် ပိုးတွေ့လူနာနှင့်ထိတွေ့ခဲ့သူတို့အား ကိုဗစ်-၁၉ ပိုး ရှိ / မရှိ (RDT Test Kit )ဖြင့် ယမန်နေ့ ညနေ ၅ နာရီက ပြည်သူ့ဆေးရုံတွင်(၁)ဦး စစ်ဆေးခဲ့ရာ ပိုးမတွေ့ရှိသော်လည်း ကျောက်တန်းတိုက်နယ် ဆေးရုံတွင် စစ်ဆေးသည့် (၅) ဦးတွင် (၁)ဦး ၊ ဆည်တိုတိုက်နယ်ဆေးရုံတွင် စစ်ဆေးသည့် (၃၅) ဦး တွင် (၄)ဦးတို့တွင် ပိုးတွေ့ရှိခဲ့သဖြင့် စစ်ဆေးသူစုစုပေါင်း( ၄၁)ဦးတွင် (၅) ဦး၌ ပိုးတွေ့ခဲ့ကြောင်းသိရသည်။
တွံတေး၌ ပထမအကြိမ် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး Sinopharm အား လူဦးရေ ၆၈၄၂ ဦးထိုးနှံပေးနိုင်ခဲ့ ဒုတိယအကြိမ် မကြာမီ ဆက်လက်ထိုးနှံမည်
Aug 31,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသက် ၆၅ နှစ်အထက် သက်ကြီးအဘိုးအဘွားများနှင့် နိုင်ငံဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ သံဃာတော်များနှင့် သီလရှင်များအား (ပထမအကြိမ်) ကိုဗစ်- ၁၉ ကာကွယ်ဆေး Sinopharm ကို တွံတေးမြို့နယ်အ.ထ.က( ၁)ကျောင်းနှင့်ကျေးရွာ အုပ်စု စုရပ်(၁၃)နေရာတွင် သြဂုတ် ၂ ရက်နေ့မှ ၂၅ရက်နေ့အထိ လူဦးရေစုစုပေါင်း ၆၈၄၂ ဦးတို့အား ထိုးနှံပေးနိုင်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး လျက်ရှိ
Aug 31,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ဝန်ထမ်းများနှင့် volunteer များအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့ နံနက်(၁၀)နာရီမှစ၍ ရွှေပြည်သာ မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ အ.လ.က(၂)ကျောင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရမည်းသင်းမြို့နယ်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးပေး
Aug 31,2021
လတ်တလောကိုဗစ်-၁၉ ရောဂါတတိယလိုင်း ရမည်းသင်းမြို့နယ်အတွင်း ရောဂါပိုးတွေ့ရှိမှု မြင့်မားလာသည့်အတွက် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မြင့်မော် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာဝန်ထမ်းအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီက အမှတ်(၅) မြို့မအခြေခံ ပညာအထက်တန်း၌ ကိုဗစ်-၁၉ ရောဂါပိုး RDT Test Kit ဖြင့် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ခင်ဦးမြို့နယ်၌ မိုးစပါးတစ်ဧက အထွက်နှုန်းတိုးတက်ရေး သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များ ကို ပညာပေးဆောင်ရွက်လျက်ရှိ
Aug 31,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် စိုက်ပျိုးရေးဝန်ထမ်းများက မိုးစပါးတစ်ဧက အထွက်နှုန်းတိုးတက်ရေးအတွက် သိပ္ပံနည်းကျစိုက်ပျိုးနေသော တောင်သူများထံသို့ ပညာပေး ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။