ဝမ်းတွင်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကျန်မာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးမကောင်းသူ (၂၀၀)ဦးအား RDT-Test Kit ဖြင့် စစ်ဆေးရာ (၃၈)ဦးတွင် Covid-19 ရောဂါပိုးတွေ့ရှိ

ဝမ်းတွင်း စက်တင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကျန်မာရေး ဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးမကောင်းသူ(၂၀၀)ဦးအား ယမန်နေ့ နံနက်(၈)နာရီ အချိန်က သတ်မှတ်ထားသောနေရာ(၂)ခု၌ RDT Test Kit ဖြင့် စစ်ဆေးပေးရာတွင် (၃၈)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါ သတ်မှတ်ထားသော နေရာ(၂)ခုဖြစ်သည့် မြို့နယ်ပြည်သူ့ဆေးရုံနှင့် ရွာရှည်ကျေးလက် ကျန်းမာရေးဌာနတို့၌ စစ်ဆေးချက်များအရ ကိုဗစ်-၁၉ ရောဂါပိုးရှိသူများမှာ သဲတော(၃)ရပ်ကွက်မှ(၁)ဦး၊ ကန်သာကျေးရွာမှ(၂)ဦး၊ ဝမ်းတွင်း(၂)ရပ်ကွက်မှ(၁)ဦး၊ ရွာရှည်ကျေးရွာမှ(၁)ဦး၊ လျှော်ပင်ကျေး ရွာမှ(၁)ဦး၊ ရွှေကံကျေးရွာမှ(၄)ဦး၊ ရွာရှည်ကျေးရွာမှ (၂၈)ဦး စုစုပေါင်း(၃၈)ဦးတို့ဖြစ်ပြီး ၎င်းပိုးတွေ့လူနာများအား မြို့နယ် ကိုဗစ်-၁၉ ကုသဆောင်များတွင် တက်ရောက်ကုသလျက်ရှိပြီး ပိုးတွေ့လူနာများနှင့် ဆက်စပ်ထိတွေ့မှု ရှိခဲ့သူများကို စုံစမ်း စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ဝမ်းတွင်းမြို့နယ်အနေဖြင့် ပြည်သူ့ဆေးရုံကုသဆောင်တွင် ကျား(၄၃)၊ မ(၃၈)၊ ပေါင်း(၈၁)ဦး၊ မိုးလုံလေလုံ အားကစားရုံ ကိုဗစ်-၁၉ ကုဆောင်တွင် ကျား(၁၀)၊မ(၁၁)ပေါင်း(၂၁)ဦး၊ ကျေးလက်ကျန်းမာရေးဌာန (ဘုရားစု) ကုသဆောင်တွင် ကျား(၁၁)၊မ(၂၂)၊ ပေါင်း(၃၃)ဦး၊ မြတ်ညီနောင်ရိပ်သာ ကုသဆောင်တွင် ကျား(၂၂)၊မ(၈)ပေါင်း(၃၀)ဦ၊ ညောင်အုပ်ဖီးတိုက်နယ် ဆေးရုံကုသဆောင်တွင် ကျား(၄)၊မ(၆)၊ပေါင်း(၁၀)ဦး၊ ရေဆုံးအဆောင်တွင် ကျား(၁)၊မ(၂)ဦး၊ ပေါင်း(၃)ဦး၊ နေပူကုန်း တိုက်နယ်ဆေးရုံ ကုသဆောင်တွင် ကျား(၅)၊မ(၅)ပေါင်း(၁၀)ဦး၊ အထက(ဝမ်းတွင်း) ကုသဆောင်တွင် ကျား(၆၂)ဦး၊မ(၁၃၂)ဦး၊ပေါင်း(၁၉၄)ဦး၊ ဆေးကုသမှုများခံယူလျက်ရှိပြီး ဝမ်းတွင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိ၍ ဆေးကုသမှုခံယူနေသူ ကျား(၁၅၈)ဦး၊ မ(၂၂၄)ဦး၊ စုစုပေါင်း(၃၈၂)ဦးရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)