သတင်းများ

ပုဂံမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနော်ရထာရပ်ကွက် နေအိမ်များအတွင်း ရေကြီး ရေလျှံမှုဖြစ်
Sep 01,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့တွင် ယမန်နေ့နံနက် ၂နာရီ အချိန်ခန့်က ရွာသွန်းခဲ့သည့်မိုးကြောင့် ကယ်တော်မူပါချောင်း ရေကြီးရေလျှံမှုဖြစ်ကာ ပုဂံမြို့၊ အနော်ရထာ ရပ်ကွက်အတွင်း နေအိမ်များအတွင်းထိ ရေကြီးရေလျှံမှုဖြစ်ခဲ့ကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။
သာယာဝတီမြို့နယ် ဗဟိုအကျဉ်းထောင်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံပေး
Sep 01,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ဗဟိုအကျဉ်းထောင်အတွင်းရှိ ဓမ္မာရုံ၌ ယမန်နေ့ နံနက် ၉ နာရီက ပထမအကြိမ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီး သူများအား ဒုတိယ​အကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ဝဲမြို့၌ ကိုဗစ် − ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပြည်သူများသိရှိလိုက်နာရမည့် ညွှန်ကြားများအား  အသိပေးနှိုးဆော်
Sep 01,2021
ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ဝဲမြို့၌ ကိုဗစ်− ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် ပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက်ရန်သြဂုတ်လ ၃၁ ရက် ယနေ့နေ့လယ် ၂ နာရီအချိန်ခန့်တွင် အမှတ် ၃ ရပ်ကွက်နှင့် အမှတ် ၄ ရပ်ကွက်များသို့  လှည့်လည်ကြေညာ ခဲ့သည်။
ချင်းရွှေဟော်မြို့တွင် ဖောက်ခွဲရေး ပစ္စည်းများသယ်ဆောင်လာသည့် တရားခံ(၂)ဦး ဖမ်းဆီးရမိ
Sep 01,2021
ယမန်နေ့ ညနေ(၄)နာရီ အချိန်ခန့်တွင် ကွမ်းလုံမြို့နယ်ဘက်မှ ချင်းရွှေဟော်မြို့ဘက်သို့ မောင်းနှင်လာသည့် YGN 3M/−−− CROWN အမျိုးအစားအဖြူရောင်ယာဉ်နှင့် YGN 7Q/−−− CROWN အမျိုးအစား ခဲရောင်ယာဉ်တို့အား (ချင်းရွှေဟော်) အနောက်တောင်ဘက် (၁)မိုင်ခန့် အကွာ၊ ချင်းရွှေဟော်သံတံတားအနီး ကွမ်းလုံ-လောက်ကိုင်သွား ကားလမ်းပေါ်တွင်  မသင်္ကာ ဖွယ်ရာ တွေ့ရှိရသဖြင့် စစ်ဆေးခဲ့ရာ ဦးလောက်ဖျင် (ဘ) ဦးလောက်ချို မောင်းနှင်လာသည့် ယာဉ်နောက်ဖုံးအတွင်း၌ Remote ဟု ယူဆရသော ၂.၅ လက်မ x ၅ လက်မ ခန့်ရှိ Receiver ဘူး (၂၀)ဘူး၊ ၂၀၀ ဂရမ်ခန့်ရှိ TNT ယမ်းတောင့် (၅၄)တောင့်၊ အစိမ်းရောင် ရှေ့ထွက်မိုင်း (၄)လုံး၊ Remote အဖြူ ရောင် ၁.၅ လက်မ x ၅.၅ လက်မ ခန့်ရှိ (၆)ခု၊ လျှပ်စစ်ဒီတို နေတာ (၃၀၀)ခု၊ New Leader တံဆိပ်ပါ 9V ဓာတ်ခဲ (၂)လုံး နှင့်  iPhone 11 ဖုန်း (၁)လုံးတို့အား သိမ်းဆည်း ရရှိခဲ့သည်။
မြို့နယ်အတွင်း အလှူရှင်များ လှူဒါန်းသည့် အောက်ဆီဂျင်စက် ချောင်းဆုံ ဆေးရုံသို့ ရောက်ရှိ
Sep 01,2021
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ရှိ ဆေးရုံများနှင့် ပြည်သူများ အောက်ဆီဂျင် အလုံအလောက် ရရှိနိုင်ရေးအတွက် စေတနာရှင်၊ အလှူရှင် များမှ လှူဒါန်းငွေများဖြင့်ယနေ့ မွန်းလွဲ ၂ နာရီ က ချောင်းဆုံဆေးရုံသို့ ထိုင်းနိုင်ငံမှတဆင့် ဝယ်ယူထားသည့် အောက်ဆီဂျင်စက်ကို မုဒုံမောင်မောင် ကုမ္ပဏီမှ သယ်ယူပို့ဆောင်ရေးယာဉ်ဖြင့် အောက်ဆီဂျင်စက် ရောက်ရှိ ကြောင်း သိရသည်။
သာစည်မြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်
Sep 01,2021
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ လုပ်ငန်းများတွင် အသုံးပြုရန် အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများလှူဒါန်း
Sep 01,2021
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများလှူဒါန်းခြင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီ၌ ကိုဗစ် -၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီး များနှင့် အလှူရှင်များတက်ရောက်ကြသည်။
မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း ရခိုင်ဇုံမှ အောင်ဆီဂျင်အိုးများနှင့်ဆက်စပ် ပစ္စည်း လာရောက်လှူဒါန်း
Aug 31,2021
ငပလီမြို့(၂၅)ကုတင်ဆံ့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါကုသနေသူများနှင့် ပြင်ပမှအောက်ဆီဂျင် လိုအပ်သူများအတွက် အောက်ဆီဂျင် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် အောက်ဆီဂျင်အိုးများ လာရောက်လှူဒါန်းခြင်းကို ယနေ့ နံနက် (၁၀) အချိန်က ငပလီမြို့ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။