ကျောက်တော်မြို့၌ အသက်(၆၅)နှစ်အထက်သက်ကြီးရွယ်အိုများနှင့် ပြည်သူများအား (Sinopharm) COVID-19 ကာကွယ်ဆေးထိုးနှံမှုအခြေအနေများအား ကြည့်ရှုအားပေး
Aug 31,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ အသက်(၆၅)နှစ်ထက်သက်ကြီးရွယ်အိုများ၊ ပုဂ္ဂလိကဘဏ်များမှ ဝန်ထမ်းများနှင့်လူမှုရေးအသင်းအဖွဲ့များမှ Volunteers များကို လတ်တ လောအသက်ရှုလမ်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဒုတိယအကြိမ် ဆက်လက် ထိုးနှံ ခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမနှင့် ပြင်ပလူနာနားနေဆောင်တို့တွင် သတ်မှတ်စုရပ်နေရာများထားရှိပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး များဆက်လက်ထိုးနှံပေးလျှက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာညွှန့်နှင့်အဖွဲ့ ဝင်များမှ သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။