တောင်တွင်းကြီး စက်တင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထိရောက်စွာကာကွယ် ထိန်းချုပ်ရေး အဖွဲ့ဝင်များ ပူးပေါင်းကာ ရွေ့လျားယာဉ်ဖြင့် အခမဲ့ကိုဗစ်-၁၉ရောဂါ စစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက တောင်တွင်းကြီးမြို့နယ် အတွင်း ရှိကျေးရွာများမှ ဒေသခံ ကျေးလက် နေပြည်သူများ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရေး RDT (Test Kits)ဖြင့် ရောဂါ ရှာဖွေစစ်ဆေးခြင်း များ ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရွေ့လျားစစ်ဆေးယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါရှာဖွေစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးရာသို့ ကျေးရွာများရှိ အနံ့မရှိသူနှင့် ဖျားနာနေသူ (၂၅၈)ဦး လာရောက်စစ်ဆေးမှုခံယူခဲ့ရာ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း စစ်ဆေးရေးအဖွဲ့က ရောဂါပိုးရှိ / မရှိ RDT ( Test Kits ) ဖြင့် ရှာဖွေစစ်ဆေးခဲ့ရာ (၁၁)ဦး ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ကျန် (၂၄၇) ဦးမှာ ရောဂါပိုး မတွေ့ရှိရကြောင်း သိရပြီးပိုးတွေ့လူနာ(၁၁)ဦးအား မြို့နယ် ပြည်သူ့ဆေးရုံသို့ဆေး ဝါးကုသမူခံယူရန် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ကျေးရွာနေပြည်သူများအား ရွေ့လျားယာဉ်ဖြင့် ရောဂါရှာဖွေ စစ်ဆေးဆောင်ရွက်ပေးနေမှုအား ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများက သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရ သည်။
မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါအန္တရာယ်အား ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရွေ့လျား စစ်ဆေးရေးယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှာဖွေစစ်ဆေးပေးခြင်းလုပ်ငန်းကို ကျန်ရှိသည့် ကျေးရွာများကိုလည်း ဆက် လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေး စစ်ဆေးလိုသော ပြည်သူများ အနေဖြင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ လာရောက်စစ်ဆေးမှုခံယူနိုင်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဆန်းအောင်ထွေး ထံမှ သိရ သည်။
မြို့နယ်(ပြန်/ဆက်)